အပိုင်း၁၀။ နာမ်စားလေးတစ်ခု

1.7K 185 42
                                    

Uni
" ငါတို့ ရန်ကုန်ထိ လိုက်ပို့ပေးရဦးမလား"

မိတိုးနဲ့သရောမောင်စီမှထွက်လာသောအသံကြောင့် အနွယ် ခပ်ဖွဖွပြုံးမိသည်။ မနက်ထဲက ရန်ကုန်ပြန်‌ေတာ့မယ်ပြောလိုက်တည်းက စိတ်မချဖြစ်ပြီး နောက်ကနေတကောက်ကောက်လိုက်ပြီး အဝတ်ထုတ်တွေပါပြင်နေတဲ့နှစ်ယောက်ကို တားရသေးသည်။

" အလာတုန်းက လည်းတစ်ယောက်တည်းလာတာပါအေ ဘာမှမဖြစ်ပါဖူး စိတ်ချသာနေဟုတ်ပြီလား"

" သို့ပေမဲ့.."

" ကဲကဲ ဘာမှမဖြစ်ဖူးဟုတ်ပြီလား ဟောဟိုမယ် ရထားဆိုက်တော့မယ် သွားတော့မယ်နော်"

" အေးတာ့တာ ရန်ကုန်မှာအဆင်မပြေရင် စာတိုက်ကနေ ကြေးနန်းလှမ်းပို့လိုက်နော် ငါတို့ချက်ချင်းရန်ကုန်တတ်လာခဲ့မယ်"

" ဟုတ်ပြီ တာ့တာ"

စိတ်မချဖြစ်နေသည့်နှစ်ယောက်ကို တာ့တာပြလိုက်သည်။ ရထားဆိုက်သည်နှင့်ရထားပေါ်တတ်လိုက်ပြီး ဝယ်ထားသည့်ခုံမှာသွားထိုင်လိုက်သည်။ အနွယ် အေးအေးချမ်းချမ်းနေချင်သည်ကြောင့် နှစ်ယောက်စာလက်မှတ်ဖြတ်ထားလိုက်ပြီး ပြတင်းပေါက်နားမှာထိုင်လိုက်ပြီး ကျန်တစ်ခုံမှာ အိမ်ဟောင်းက ယူလာသည့်ဓာတ်စက်ကို တင်ထားလိုက်သည်။

အလာခရီးတုန်းကနဲ့ကွဲပြားစွာ အပြန်ခရီးမှာတော့အနွယ်ဝမ်းနည်းခြင်းဆိုတာကိုတစိုးတစိမှမခံစားရ။ စိတ်လက်ပေါ့ပါးစွာနဲ့ ခရီးတစ်လျှောက်လုံး အပြင်ဘက်ကိုငေးကြည့်နေခဲ့သည်။ အနွယ်တို့ရွာနဲ့ ရန်ကုန်နဲ့ကသိပ်မဝေးသည်ကြောင့် မနက်ပိုင်း ရွာကနေထွက်လာခဲ့ရင်နေ့လည်လောက်ရန်ကုန်ပြန်ရောက်သည်။

အနွယ်ရန်ကုန်ဘူတာမှာရထားဆိုက်တော့ မွန်းတည့်ချိန်ဖြစ်နေသည်ကြောင့် လန်ချားမငှားတော့ပဲ ဓာတ်ရထားစီးဖို့သာ ပြင်လိုက်တော့သည်။ ဘူတာနဲ့ဓာတ်ရထားဂိတ်က သိပ်မဝေးသည်ကြောင့်ခြေကျင် လျောက်သွားလိုက်သည်။ လက်ထဲမှာ တခြားဘာမှမပါပေမဲ့ ဓာတ်စက်ကိုတော့ဂရုတစိုက် ပွေ့ထားရသည်။ တော်ကြာပြုတ်ကျလို့ကွဲသွားရင် ရင်ကျိုးရချည်ရဲ့။

ဓာတ်ရထားဂိတ်ရောက်တော့မွန်းတည့်ချိန်ဖြစ်သည့်အတွက်ထမင်းစားနားသည်ထင်ပါရဲ့ ကားဂိတ်မှာ လူတစ်ယောက်မှမတွေ့။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now