အပိုင်း၁၁။ ပွတ်သဘင်

1.8K 189 29
                                    

Uni
" မမ..အာမှားလို့ ဟန်နီ ဟန်နီက အခုဒီနေရာကိုဘယ်လိုရောက်လာတာလဲ"

" အယ် .ဟို "

ပြောလေဆိုတဲ့အကြည့်ကြီးနဲ့ပုလိပ်စစ်စစ်နေတဲ့နွယ့်ရဲ့အကြည့်တွေကြောင့် မုန်းမှာသထွေး‌ကိုတောင်ခက်ခက်ခဲခဲမြိုချနေရသည်။

" အာ ဧည့်သည် ဟုတ်တာပေါ့ ဧည်သည်ကို ပြန်လိုက်ပို့တာရယ်"

" ဒီနေရာမှာလား ဟန်နီ"

" ဟုတ်တာပေါ့ ဧည့်သည်က ရထားစီးပြန်မယ်ဆိုလို့လေ အဲ့တာကြောင့်ရထားဘူတာကိုလာပို့ရင်း အနွယ်နဲ့တန်းတိုးတာပဲ ဒါနဲ့အနွယ်ကရော ဒီကိုဘယ်လို"

" အနွယ်က ရွာခနပြန်သွားတာ ရယ်အခုမှပြန်ရောက်တာ"

" အော် အဲ့သလိုလား အခု အနွယ်အိမ်ပြန်တော့မှာပေါ့နော်"

" ဟုတ်တယ် ဟန်နီရဲ့ လန်ချားငှားမလို့ကြည့်နေတာရယ် ခုထိတစ်စီးမှမတွေ့သေးလို့ သွားငှားမလို့"

" အဲ့တာဆိုရင်တော့အတော်ပဲ ဟန်နီလဲ အခု ဧည်သည် ပို့ပြီး အိမ်ပြန်မလို့ နွယ့်ကိုပါတစ်ခါတည်းဝင်ပို့ပေးမယ်လေ "

" ရပါတယ်အနွယ် ဘာသာ လန်ချားငှားပြီးပြန်လိုက်မယ်ရော အလုပ်တွေရှုပ်ပါလိမ့်မယ်"

" မရှုပ်ပါဖူး ဟန်နီတို့ကသူငယ်ချင်းမှလား သူငယ်ချင်းဆိုတာ တစ်ယောက်ကိုတစ်ယောက် ကူညီရတယ်လေ "

" အဲ့တာဆိုရင်တော့ကျေးဇူးပါရှင်"

" ရပါတယ် နွယ်ရဲ့"

ကားရပ်ထားသည့်နေရာရောက်တော့ အနွယ်ရင်းရင်းနှီးနှီးမြင်ဖူးနေပံုရသည့်အိုဗါလန်ကားနဲ့ တူနေလေသည်။ သို့ပေမဲ့လည်းရန်ကုန်မြို့၏ လူချမ်းသာတော်တော်များများစီမှာ အိုဗါလန်ကားက ရှိနေသည်ကြောင့်အနွယ် ဘာမှထပ်မတွေးနေတော့။

မုန်းသူ့ကားကိုစိုက်ကြည့်နေသည့်အနွယ်ကြောင့် ချွေးစီးတွေတောင်ပြန်လာသလိုခံစားနေရသည်။ ဒီနေ့ကြမှလော‌ေလာ‌ေလာလောနဲ့ ဒယ်ဒီကားကိုယူစီးလာမိတာနောင်တရလို့မဆုံးနိုင်။

အာရုံလွဲသည့်အနေနဲ့အနွယ်လက်ထဲကဓာတ်စက်အကြောင်းမေးဖို့ လုပ်လိုက်သည်။ တဂယ်လဲ မုန်း အဲ့ဓာတ်စက်ကိုသိချင်စိတ်များနေသည်ကြောင့်ပေ။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now