အပိုင်း(၃၇) ။

938 99 24
                                    

Uni+ Zawgyi

စိတ်ကူးကလေးပေါ်လာလို့ရေးလိုက်တာစိတ်လေးများဆိုးသွားကြလား

မုန်းပန်းရာဇဝင်ဆိုသည့်နာမည်က လူအများပါးစပ်ဖျားမှာ တစ်ဝဲလည်လည်။ ထိုအမျိုးသမီး၏ ရဲရင့်မှု၊ ညဏ်ရည်ထက်မြက်မှု၊ ယောက်ျားသားများနှင့်တန်းတူ ညဏ်ရည်ထက်မြက်မှုတို့ကြောင့် မြန်မာအမျိုးသမီးတို့၏ စံပြအမျိုးသမီးတစ်ဦးဖြစ်လာခဲ့သည်။

ထိုဂုဏ်သတင်းမွှေးတဲ့အမျိုးသမီးကို ဘယ်ယောက်ျားသားက ဇနီးမယားအဖြစ်မတော်ကောက်ချင်ပဲနေမလဲ။ သို့ပေမဲ့ သူမက လာတောင်းရမ်းတဲ့ အမျိုးသားတွေကို ငြင်းပယ်ခဲ့၏။ အကြောင်းအရင်းကတော့သူမကိုယ်တိုင်သာ သိလိမ့်မည်။ သူမ၏ ပတ်ဝန်းကျင်မှာ အမျိုးသားတစ်ဦးသာ ရှိ၏။ ထိုအမျိုးသားကို မြို့အုပ်မင်းဦးလင်းမြင့်ဇရာမျိုးဟု ခေါ်ဆိုကြ၏။

လူအများကတော့ ထင်ကြေးပေးကြ၏။ ထိုမြို့အုပ်မင်းနှင့် မုန်းပန်းရာဇဝင်တို့ဟာ ရည်ငံနေကြပြီဟူ၍။ ထိုစကားကို ဘာဖြေရှင်းချက်မှမထုတ်ထားပေမဲ့ သူတို့နှစ်ယောက်ကတော့ ရည်ငံနေကြပြီလားဟူ၍ တစ်စုံတစ်ယောက်ကများ နားစွန်နားဖျားမေးတာကြားမည်လျှင် ရီနေတတ်ကြ၏။

သူတို့၏ လှို့ဝှက်ချက်ကို သူတို့သာ သိကြသည်ဟုတ်လား။ ကျားနှစ်ကောင်၏ အသဲနှလုံးသားက နွယ်ဆိုတဲ့မိန်းမ ပျိုတစ်ယောက်သာလေ။ ထို သံယောဇဉ်နွယ်ကလေး ပျောက်ဆုံးသွားချိန်တုံးက လူနှစ်ဦး၏ ဦးတည်ချက်ဟာလဲ ပျောက်ဆုံးသွားခဲ့ဖူးသည်။ ရန်သူနှစ်ဦးဟာ အဘယ်ဖြစ်လို့  ရင်းနှီးချင်ယောင်ဆောင်နေရသလဲလို့မေးခဲ့ရင်ဖြင့် အကြောင်းအရင်းက တစ်ခုတည်းသာ။

" အသက်သည်းညှာနွယ်ပင်လေးက ရန်မီးကို မကြိုက်ဝံ့ဖူးတဲ့လေ "

မုန်းပန်းရာဇဝင် ယနေ့ သူမ၏ အိမ်ဟောင်း တနည်းအားဖြင့် အိပ်မက်ဆိုးတွေရှိခဲ့သည့်နေရာကို ခနတာ ဝင်လာခြင်းပေ။ ဤနေရာမှာ သူမ၏ အသက်သည်းညှာလေးနှင့်စတင်တွေ့ဆုံခဲ့သည်။ ပြီးတော့..ဤနေရာမှာ ပဲ အသက်သည်းညှာကို ဆုံးရှုံးလိုက်ရသည်။ ဝမ်းနည်းစရာတွေပါပဲ။ ပထမဆုံးသော နှလုံးသားပေးအပ်ခဲ့မိသူကို ဝေးကွာသွားအောင် သူမ လုပ်ခဲ့သည်မဟုတ်လား။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now