အပိုင်း၈။ ပြတ်ခဲ့လေသောသံယောဇဉ်ကြိုးမျှင်

1.6K 194 22
                                    

Uni
" ဖေကြီး "

" ဟေ "

" အဲ့စာရင်းတွေခနချပြီး အနွယ်ပြောတာခုနနားထောင်ပေးဦး "

ထိုအသံစာစာလေးကြောင့်
လုပ်နေသည့်လယ်ခွန်စာရင်းတွေကိုစားပွဲပေါ်တင်လိုက်ပြီးကောက်တော်မူတော့မည်သမီးအသည်းညှာလေးနားသို့သွားလိုက်ပြီး တမင်ခွေထိုင်လိုက်သည်။

"ကိုင်း ..ပြောစေဗျာ ဘာတွေစိုးရိမ်နေတာတုန်း ဖေ့မင်းသမီးလေးက "

" ဖေကြီး အနွယ့်ကို တစ်ယောက်တည်းမထားခဲ့နော် အနွယ် ဖေကြီးမရှိပဲနေနိုင်မယ်မထင်ဖူး"

ထိုသို့ပြောလိုက်တော့ဖေကြီးက တဟားဟားအော်ရီလာသည်။

" ဘာများလဲလို့ ငါ့သမီးရယ် ဧကန်န ရွာထဲသွားပြီး ဘာတွေစနည်းနာခဲ့ပြန်ပြီလဲ"

" ဟွန့်..စနည်းမနာပါဖူး ဖေကြီးရာ ဒီနေ့အနွယ်ရွာထဲသွားတော့ ရွာပြင်မှာနေတဲ့သားအဖလေ အဲ့လူကြီးပိုးထိပြီးဆုံးသွားလို့တဲ့ ရွာထဲမှာပြောနေကြတာ အဲ့တာကြားလာတာဖေကြီးရဲ့ သူ့သားလေးက ငယ်ငယ်လေးရယ် အဲ့တာ အဲ့ကလေးတစ်ယောက်တည်း ဘယ်လိုနေမလဲ တွေးပူမိလို့ပါဖေကြီးရဲ့"

" အဲ့သတင်းဖေကြီးလဲကြားတယ်သကိုး ဖေကြီးကူ‌ငွေ များများလေးထည့်ပေးခဲ့တယ် ရွာထဲက သူဌေးတွေ တောင်ပိုင်းမြောက်ပိုင်းက သူဌေးတွေ အကုန်လုံးစုပြီး ကူငွေထည့်ခဲ့တယ် အကုန်လုံးဘဘုန်းကိုအပ်ထားတယ် မသုံးရဖူးဆိုရင်တောင် တစ်နှစ်လောက်ဖူလုံပါတယ်ကွယ် "

" ဒါဆိုတော်သေးတာပေါ့ ဖေကြီးရယ် အနွယ်က စိတ်ပူနေတာ "

" ငါ့သမီးလေးက ဖေကြီးထားသွားမှာစိုးရိမ်နေတာ ဟုတ်စ"

" ဟုတ်တာပေါ့ ဖေကြီးကလဲ"

" ဒီမှာ သမီး ဖေကြီးပြောပြမယ် လူဆိုတဲ့အမျိုးက တစ်နေ့သေရမယ့်အမျိုးကြီးပဲ အမြဲတမ်းတူတူရှိနေပေးနိုင်မှာမဟုတ်ဖူး
သင်္ခါရ သဘောတရားကိုနားလည်ထားရမယ် သမီး သေသွားတဲ့လူတွေက အကုန်လုံးနေထိုင်ရမဲ့ကံကုန်သွားလိူ့သေကြတာကြီးပဲ ဒါပေမဲ့ဖေကြီးကတော့ ဖေ့သမီးလေး အိမ်ထောင်မပြုခင်အထိတော့ မသေနိုင်ဖူးဗျာ"

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now