အပိုင်း၁၂။ ကစားစရာ

1.7K 179 30
                                    

Uni
ဂျမခနာကလပ်ထဲခြေချလိုက်သည်နှင့် ဘိလပ်ဂီတသံ အေးအေးလေးဟာ ပျံ့လွှင့်လို့နေသည်။ ဂီတသံသည် အရမ်းကြီးလဲမမြူးသောကြောင့် နားဆင်ရသူအပေါင်းတို့ကို ကြည်နူးစေတာအမှန်ပေ။

အနွယ် ကလပ်ထဲပထမဆုံးရောက်ဖူးသည်မို့အနည်းငယ်တော့မဝံ့မရဲဖြစ်နေမိတာ အမှန်ပေမဲ့ ဘေးမှာ လက်ကိုမလွတ်စတမ်းဆုပ်ကိုင်ထားပေးတဲ့မမလေးကြောင့်ကြောက်ရွံခြင်းတွေဟာ လေထဲလွှင့်စင်သွားသလို အကြောက်တရားဟာတစိုးတစိမျှမရှိတော့။

" လာ အနွယ် အပေါ်ထပ်ကနေ သွားကြည့်ရအောင် ဒါမှ ဟောတစ်ခုလုံးမှာရှိတဲ့သူတွေကို ရှင်းရှင်းလင်းလင်းမြင်ရမှာ"

" ဟုတ်ကဲ့ ဟန်နီ"

အပေါ်ထပ် တစ်ထပ်တတ်သွားတော့မမလေးပြောသည့်အတိုင်းခန်းမတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်ရ‌သည်။ အနွယ်တို့ ဧည့်သည် တွေထိုင်ရန် အသင့်လုပ်ပေးထားတဲ့ခုံလေးမှာဝင်ထိုင်လိုက်ပြီး ပွတ်သဘင်ပွဲအစပျိုးရန်နေရာယူနေကြသည့် အထက်တန်းလွှာအမျိုးသား(သမီး) တွေကိုကြည့်နေလိုက်သည်။

" အနွယ် ကြည့်နော် ပွတ်သဘင်ပွဲမှာစုံတွဲအက က အခရာပဲ"

" ဟုတ်ကဲ့ ဟန်နီ"

မမလေးပြောသည့်အတိုင်း စုံတွဲအက ကအခရာပေ။ တီးလုံးသံစသည်နှင့် ညီညီညာညာနှင့်လှပစွာကနေသည့် လူတွေကို မျက်မြင်ဝါးထင်မြင်နေရသည်။
အနွယ် ဘိလပ်ဓလေ့တွေကိုသိပ်သဘောမကျသော်လည်း ပွတ်သဘင်ဆိုတဲ့အရာကိုတော့ တော်တော်လေးသဘောကျမိသည်။

မုန်း ပွဲကြည့်နေရင်း ဘေးဘက်က အနွယ့်စီအကြည့်ပို့လိုက်တော့ပွဲကို စိတ်ဝင်တစားကြည့်နေသည့်ကြောင့် ဘာမှမပြောပဲ ပွဲကိုသာအာရုံပြန်စိုက်လိုက်သည်။

ပွဲကြည့်နေရင်း ပခုံးကိုလာပုတ်သည့်အထိအတွေ့ကြောင့် လှည့်ကြည့်မိတော့ ရာထူးကြီးထဲကအမျိုးသမီးတစ်ယောက်ဖြစ်နေသည်ကြောင့် အနွယ့်ကိုအသိပေးလိုက်ပြီး စကားပြောရန် အခြားတစ်နေရာသို့ထွက်သွားလိုက်သည်။

ပွဲဆူညံ့သံတွေမရှိသည့်တစ်နေရာရောက်မှလေဒီကညှာ အဝတ်အစားတွေ တစ်ကိုယ်လုံးမှာအဆင်တန်ဆာ ဆင်ထားသည့် အမျိုးသမီးကိုနှုတ် ဆက်စကားဆိုလိုက်သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now