အပိုင်း၃၉. အတိတ်ကအပိုင်းအစအချို့

913 78 11
                                    

တောင်ပေါ်ဒေသဆိုသည့်အတိုင်းရာသီဥတုကအမြဲဆိုသလိုအအေးဓာတ်လွှမ်းခြုံထားစဲပင်။မနက်ပိုင်းမြူခိုးတွေဝေဆာနေတဲ့အချိန်မှာအနွယ်ကတော့နေ့စဉ်လုပ်နေကြဖြစ်တဲ့တာဝန်တွေကိုထမ်းဆောင်ဖို့ပြင်ဆင်နေလေပြီ။မနက်စောစောစီးစီးဘုရားသောက်တော်ရေလဲလည်ပြီး ဘုရားဆွမ်းတော်ကပ်နေသည်။

ဘုရားစာဆိုရင်းနောက်ဆုံးသာဓုခေါ်ပြီးသွားတဲ့အချိန်ပုံမှန်ရွတ်ဆိုနေကြဖြစ်တဲ့..

"ဟန်နီနေကောင်းပါစေ..၊ဟန်နီရဲ့အလုပ်တွေချောချောမွေ့မွေ့ဖြစ်ပါစေ..၊ဟန်နီဝမ်းမနည်းရပါစေနှင့် ။ " ဟူသည့်ဆုသုံးဆုကိုမြတ်စွာဘုရားထံမှာဆုတောင်းရင်း ဘုရားရှိခိုးခြင်းအမှုကိုအဆုံးသတ်သည်။

နောက်ပြီး ဆန်အိုးထဲက ဆန်နို့ဆီဗူးတစ်ဗူးခပ်ပြီး ငှက်ကလေးတွေအတွက်လို့ရည်းစူးထားတဲ့ အစာခွက်လေး‌ေတွထဲမှာထည့်ပေးလိုက်သည်။အနွယ်အစာထည့်ပေးသည်နှင့်ငှက်ကလေးများက အုန်းအုန်းဖြဖြလာရောက်ကြတော့သည်။ငှက်ကလေးတွေ အစာစားနေတာကိုကြည့်ပြီးနောက်တစ်ဆုတောင်းမိပြန်သေးသည်။

" မင်းတို့လေးတွေ ဗိုက်ဝလို့ပီတိဖြစ်ရသလို ဟန်နီလဲလုပ်သမျှအလုပ်တိုင်းမှာအောင်မြင်ပြီးပီတိဖြစ်ရပါစေ။ "

မြူခိုးဝေနေတဲ့နံနက်ခင်းဟာအရင်ချိန်ကထက်ပို၍နှစ်လိုဖွယ်ကောင်းနေတာအဘယ်ကြောင့်များလဲ။ မြူတွေစဲသွားတဲ့ထိအနွယ်ထို‌ေနရာမှာမလှုပ်မယှက်ရပ်နေမိသည်။ အနွယ်ကိုယ်တိုင်လဲအဘယ်ကြောင့်များဤနေရာမှာရပ်နေရသလဲမသိပါ။ မြူခိုးတွေတဖြည်းဖြည်းစဲသွားတာနဲ့ ပုံသဏာန်ပေါ်လာသည့်အမျိုးသမီးတစ်ယောက်။ အနွယ့်မျက်လုံးတွေမချို့ယွင်းသေးဖူးဆိုရင် ထိုအမျိုးသမီးဟာအဘယ်သူလဲဆိုတာမသိနိုင်စရာအကြောင်းမရှိပါ။

သို့ပေမဲ့ ဟန်နီလိုအလုပ်များတဲ့သူက မဟုတ်ဖူး..ဟန်နီ့ကိုအပြစ်တင်ချင်တိုင်းတင်..စွတ်စွဲချင်တိုင်းစွတ်စွဲ..သမုတ်သလိုသမုတ်ပြီးထွက်ပြေးသွားတဲ့မိန်းမတစ်ယောက်ရှိရာကိုဟန်နီက အဘယ်လိုခြေချဝံ့ပါ့မလဲ။ ခေါင်းလေးကိုအသာယာတစ်ချက်ခါယမ်းလိုက်ပြီး..

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now