၃၈။ စံပယ်ပန်းလေးဟာ မာနတရားတွေလွှမ်းခြုံထားသည်တဲ့။

1.2K 106 18
                                    

Uni +Zawgyi

အရက်နံ့တထောင်းထောင်းထနေသည့် အဝတ်အစားတွေကိုမလဲသည်ကြောင့် အရက်နဲ့ရေချိုးထားသလို အရက်နံ့တထောင်းထောင်း ထွက်နေသည်မှာ တစ်ပတ်မျှရှိခဲ့ပြီ။ အကြောင်းအရင်းကတော့ မယ်မယ်ရရ မရှိ။ သူမကို လွမ်းလို့၊ သူမလေးကို သတိရလို့၊ သူမလေးမှ ပြန်မလာရင် ၊ သူမလေး ပြန်မလာမှန်း သတိရသွားတာအခါ၊ အဲ့တာတွေ သတိရသွားရင် အရက်နဲ့အသက်ဆက်တယ်။

ဟိုဟာမကတော့ပြောရှာသည်။
*သေမှာ အရက်ပဲသောက်နေ သေမှာ မြန်မြန်သေမှအေးမဲ့ကောင်မ၊ အနွယ် မပြန်လာတာပဲ ကောင်းတယ် မဟုတ်ရင်လေ နင့်မျက်နှာမြင်ပြီး ပြန်သွားမှာအသေအချာပဲ။ *

ထိုသို့ ပြောလာတိုင်းလဲ သူမက ပြုံးပြုံးလေးပဲ ပြောချင်တာပြော ဟုတ်မှန်နေတေ့ာလဲပြန်ချေပစရာမရှိ။

အခုလဲ ငါးလသား ကလေးကို ပိုက်ပြီး သူမအိမ်ရောက်လာပြန်သည်။ သူမအိမ်ကို မနက်မိုးလင်းတာနဲ့ ရောက်လာပြီ။ အိမ်ပြန်သည့်အချိန်ဟာလည်း ညနေစာစားပြီးမှပြန်သည်။ တခါတလေကြရင်လဲ အိပ်ပြီးမှပြန်သွားသည့်နေ့တွေတောင်ရှိ၏။ ဒေစီရဲ့အဖေကတော့ မြေးမျက်နှာမြင်ချင်လို့ အိမ်ကိုပြန်ကြွကြပါဦး ဟု တောင်းတောင်းပန်ပန်ပြောခါမှ ပြန်သွား၏။ သူ့အဖေကိုပြောလို့ နှစ်ရက်လောက် အဖေ့အိမ်ပြန်နေသည်။ ဒါတောင် ထိုနှစ်ရက်ပြီးရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်။

အိပ်နေတုန်းကိုယ်ပေါ်ကို တခုခုတွယ်တက်လာသည့်ခံစားချက်ကြောင့် မျက်လုံးကိုဖွင့်ခါကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ သက်ဖြာလေးက သူမရဲ့ဗိုက်ပေါ်မှာ။

သက်ပြင်းတစ်ချက်ချပြီး ကိုယ်ပေါ်က လုံးလုံးတစ်တစ် ဖြူဖြူခဲခဲ ကလေးကို ချီပြီး အခန်းပြင်ထွက်လိုက်သည်။

တယ် ခက်တာပါပဲ။ ဘယ်လို ကလေးအမေ တွေလဲမသိ။ မူးပြီးအိပ်နေသည့် လူရဲ့ကုတင်ပေါ် ကို တင်ပေးထားရတယ်လို့။

သက်ဖြာလေးကို ချီပြီး အခန်းပြင်ထွက်လိုက်တော့ ထိုင်ခုံပေါ်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာတွေတွတ်ထိုးနေမှန်းမသိ။ ဘေးနားမှာလဲ ရေဒီယိုကြီးက ပွင့်လျက်သား။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now