အပိုင်း၂၂။ လူတိုင်းမှာလှို့ဝှက်ချက်ဆိုတာရှိစမြဲ

1.2K 122 44
                                    

Uni

လင်းမြင့်ဇရာမျိုး မြို့အုပ်မင်း ရုံးခန်းအပေါ်ထပ် ပြတင်းပေါက်နားမှာ ဘားမားစတိတ် တစ်လိပ်ကို မက်မက်မောမောဖွာရှိုက်နေမိသည်။ သည်လူ၏ ပုံကိုမြင်‌ေတွ့ရမယ်ဆိုလျှင် သည်လူ၏ စိတ်အစုံသည်လည်း ဖွာရှိုက်လိုက်သည့်ဆေးလိပ်ငွေ့နှင့်အတူ မျှောလွှင့်လို့နေသည်။ အရာရာကို လက်မှ်ိုင်ချပြီး သူကိုယ်တိုင်သည်လည်း အငွေ့အဖြစ်သို့ပြောင်းလဲသွားသည်ကို လိုလားနေပြန်သည်။

ဒီဖြစ်ရပ်ကို တခြားသူတစ်ယောက်သာမြင်သွားလျှင် ရာထူးကြီးမားတဲ့မြို့အုပ်မင်းတစ်ယောက်က အဘယ်ကြောင့် သည်လိုစိတ်ဓာတ်ကျနေတာလဲလို့အသေချာမေးလာလိမ့်မည်။

တဂယ်တော့ လူတိုင်းမှာ ပြောပြလို့မရနိုင်တဲ့လှို့ဝှက်တစ်ခုစီဆိုတာ ကိုယ်စီရှိကြမြဲ။ ရင်ဖွင့်ချင်တိုင်း ဖွင့်လို့မရနိုင်တဲ့လှို့ဝှက်ချက်တစ်ခု။

လင်းမြင့်ဇရာမျိုးဆိုတဲ့သူ့မှာတော့သာမန်လူတွေထက်တောင် လှို့ဝှက်ချက်ပိုများနေဆဲ။

သို့ပေမဲ့သူဟာ သူ့ရဲ့လှို့ဝှက်ချက်တွေကိုထုတ်ပိုးထားပြီး အခြားဘယ်သူဘယ်သူနဲ့ကိုမှဝေမျှဖို့စိတ်ကူးမရှိပေ။

သူကိုယ်တိုင်တောင်ပြန်မတွေးချင်တဲ့နာကျင်မှုတွေကိုအခြားတစ်ယောက်ကိုမျှဝေလိုက်မိပါက တပါးသူစိတ်ဆင်းရဲသွားမည်ကိုအလွန်ဆိုးပေသည်။

သည်ကြောင့်ထိုလှို့ဝှက်ချက်ကို သူ၏ရင်ထဲ၌သာ သိမ်းဆည်း၍ သေသည်ထိထိုလှို့ဝှက်ချက်ကိုအုတ်ဂူထဲထိယူသွားမည်။
သည်ဟာ သူ့ကိုယ်သူသံဓိဌာန်ချမှတ်လိုက်ခြင်းပေ။

*
*
*
*
*
*
*
*
*
*
*
*
အနွယ် ညသန်းခေါင်ယံ မှာတရေးနိုးလာတော့ ညဘက်လေကောင်းလေသန့်ရှုချင်မိသည်နှင့်ဟန်နီပေးထားခဲ့သည့် ခြုံလွှာစကို ကိုယ်ပေါ်မှာအသာအယာတင်လိုက်ပြီး ခြံထဲသို့ဆင်းသွားမိသည်။

ခြံထဲရှိ ထိုင်စရာလုပ်ပေးသည့်နေရာမှာ ထိုင်နေပြီး လ ရဲ့အလှကိုငေးမောကြည့်နေမိသည်။ အနွယ် ပြည့်ဝန်းဝိုင်းစက်နေသည့် လရဲ့အသွင်သဏ္ဍာန်ကို တမော့တမောငေးကြည့်နေမိသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now