၂၉။ ဟန်နီရဲ့လှို့ဝှက်ချက်(uni+Zawgyi)

1.1K 108 8
                                    

Uni

အနွယ် အိမ်ပြန်ရောက်ရောက်ခြင်း အပေါက်ဝမှာစီးကြိုနေသည့် မမချိုကို‌တွေ့လိုက်ရသည်။ မစောင့်စဖူးစောင့်နေသည်ကြောင့် အနွယ် မေးလိုက်သည်။

" မမချို ဘာလုပ်နေတာတုန်း အပေါက်ဝကြီးမှာ မိုးတိုးမက်တပ်ကြီးနဲ့ "

ထိုသို့ပြောလိုက်တော့ ဧည့်ခန်းထဲကို မျက်စောင်းထိုးပြသည်။

" ဘာရှိနေလို့တုန်း"

ပြောလဲပြောကြည့်လဲကြည့်လိုက်သည်။

" ဟင် မမလေးဒေစီ "

ထိုအခါမှ ဧည့်ခန်းထဲက လေဒီပျိုကညှာဝတ်စုံဝတ်ထားပြီး ကြမ်းပြင်ပေါ်မှာ မုန့်ထုတ်တွေ အများကြီး နှင့်တူတူရှိနေသည့် မမလေးဒေစီက လှမ်း၍ ပြုံးပြလာသည်။

" အနွယ်လာလေ ဒီမှာ မုန့်တွေဝယ်လာတယ် "

" ရပါတယ်မမလေးရဲ့ မမချိုနဲ့ပြောစရာစကားလေးရှိသေးလို့ ခွင့်ပြုပါဦးနော် သျှင်းလေးနဲ့ လွတ်လွတ်လပ်လပ်စကားပြောကြပါ "

မမချိုလက်ကိုဆွဲပြီး မမချို့ရဲ့အိပ်ခန်းထဲကိုဆွဲခေါ်သွားလိုက်သည်။

အိပ်ခန်းထဲရောက်ခါမှ ချိုင်းမှာညှပ်ထားသည့်ပိုက်ဆံအိတ်ကို ကုတင်ပေါ်ပစ်တင်လိုက်သည်။

" ဟဲ့ဟဲ့ ဘာဖြစ်နေတာတုန်း အဲ့တာ "
မျက်နှာမကောင်း၍နှုန်းနေသော အနွယ့်ကို ကြည့်ပြီးမမချိုကမေးလာလေသည်။

" မမချို အခုပဲ မြို့အုပ်မင်းနဲ့သွားတွေ့လာတာလေ "

" အေးလေ ငါသိတယ်လေ ငါကိုယ်တိုင်နင့်ကိုသွားခိုင်းလိုက်တာလေ "

အနွယ်ခေါင်းကုတ်လိုက်ပြီး ဖြစ်ပျက်သမျှတွေကိုပြောပြလိုက်သည်။ အစအဆုံးပြောပြလိုက်တော့ မမချိုက မျက်လုံးပြူးမျက်ဆန်ပြူးနှင့် အာမေဋိတ် သံကြီးပြုလာသည်။

" တဂယ်ကြီးအဲ့ဂိုဏ်းလား ငါမယုံနိုင်ဖူးကွယ်"

အနွယ် မမချိုကို မျက်လုံးတစ်ချက်လှန်ပြီးကြည့်လိုက်သည်။

" မမချိုတစ်ယောက်တည်းလား အနွယ်ဆို စစကြားချင်းတုန်းကဆို ခြေတွေလက်တွေတောင် မကိုင်မိဖြစ်သွားရတာ"

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now