၃၄။ အချစ်သည်းကညှာလေးကအရင်တိုင်းပါပဲ ချစ်ဖို့ကောင်းတုန်း (U+Z)

1.3K 120 27
                                    

Uni

တောင်ပြန်လေညှင်း တစ်ချက်ဝေ့တိုင်း မျောပါလာတတ်တဲ့ပန်းရနံ့သင်းသင်းလေးတွေက စိတ်ကြည်နူးဖို့အကောင်းဆုံးပင်။ နွေဦးအစပိုင်းသည်မို့ တောလမ်းလေးတစ်လျှာက်မှာ အမျိုးအမည်မသိသည့်ပန်းပေါင်းစုံ ကလည်း မျက်စိပဒေသာဖြစ်စေပြန်သည်။

အနွယ့်ရှေ့ကအမျိုးသမီးငယ်လေးနှစ်ယောက်ကတော့ ဤအရာနှင့်မစိမ်းသက်သ၍ စိတ်ဝင်စားဟန်မရှိ။ တောင်ပေါ်သူမဟုတ်သည့်အနွယ့်အတွက်ကသာ အရာအားလုံးက အထူးတဆန်းဖြစ်နေပင်သည်ထင်ပါရဲ့~။

တောလမ်းလေးအဆုံး ၊ ဆင်ခြေလျှောတောင်နိမ့်လေးမှာပင် ဈေးသည်တွေကို ဟိုတဖျောက် သည်တစ်ဖျောက်တွေ့နေရနေပြီ ဖြစ်၍ အနွယ်တို့ သွားလိုရာခရီးကိုရောက်လာပြီကိုအတပ်သိလိုက်ပြီ။ ထိုတောင်ကုန်းလေးရဲ့အောက်ကိုဖြေးဖြေးချင်းဆင်းသွားတော့ လူများပြားစွာကူးခတ်လှုပ်ရှားနေကြတဲ့ဈေးကြီးကိုမြင်လိုက်ရတော့ အနွယ်နည်းနည်းပင် စိတ်ထဲတွင်လှိုင်းထန်သွားရသည်။

အရင်တစ်ခေါက်ဈေးလာတုန်းကတောင် သည်လောက်လူများတာမတွေ့ခဲ့ချေ၊ ဘာဖြစ်လို့ သည်ကနေ့ကြမှလူတွေဟာ ဒီလောက်များပြားနေကြပါလိမ့်။

ရှေ့ကနေကော့ပတ်ကော့ပတ် သွားနေတဲ့ကလေးမနှစ်ယောက် အနွယ့်စီသို့ပြန်၍ လျှောက်လာပြီး ဘေးတစ်ချက်တစ်ဖက်စီမှာအသီးသီးနေရာယူပြီးလက်မောင်းနှစ်ဖက်ကိုချိတ်ထားကြသည်။ အနွယ်ကဘာဖြစ်လို့သလဲ ဆိုပြီးမေးလိုက်တော့

' လူပျောက်သွားမှာဆိုးလို့တဲ့လေ '
အနွယ်ထိုစကားကိုကြားတော့ရယ်ချင်စိတ်တွေဟာထိန်းမရတော့ပေ။ သူတို့လေးတွေမေ့နေရော့သလား၊ အနွယ်က လူများပြားစွာနေထိုင်ကြတဲ့ရန်ကုန်မြို့က လာသည်ကိုဆိုတာပင်လေ။

သည်မှာလူရှုပ်သည်ဆိုတာ ရန်ကုန်မြို့က စူရတီဘဇားရဲ့သုံးပုံ ပုံတစ်ပုံခွဲသာရှိလိမ့်မည်။

" ရှင်တို့လေးတွေမေ့နေရော့သလား ကျုပ်က ရန်ကုန်က လာတယ်ဆိုတာလေ"

" အယ်ဟုတ်သား ဟီး မမနွယ်ကို သည်မှာနေတဲ့လူလို့ပဲသတ်မှတ်ထားတော့ မမနွယ်လာခဲ့တဲ့နေရာကိုတောင်မေ့သွားတယ် ဟီး"
ရယ်ကြဲကြဲဖြင့်ပြန်ဖြေလာလေသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now