၃၁။ သေစေနိုင်လောက်တဲ့အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားလှသူ (uni+Zawgyi)

1K 106 14
                                    

Uni

သည်ကနေ့မနက်ခင်း၌ ပုံမှန်အချိန်များထက် ကျေးငှက်သံတွေဟာဝေဆာလို့နေသည်။ငှက်လေးတွေရဲ့ တေးဆိုသံတွေဟာ ဂီတဝိုင်းထဲရောက်နေသကဲ့သို့ မြူးမြူးကြွကြွရှိလို့နေသည်။ သည့်အပြင်နေမင်းကြီးသည်လည်း သူ၏ အရှိန်အဝါကိုမဆိုးမယုတ်စေပဲ ထွန်းလင်းလျှက်ရှိနေသည်။

အနွယ်သည်လည်း မနက်ကတည်းက စိတ်အခြေအနေကောင်းနေသည်မို့ သည်ကနေ့ဆုံတွေ့ရမယ့်သူက ဟန်နီမဟုတ်ဖူးလို့သာ တထစ်ချယုံကြည်နေမိသည်။ အနွယ်တစ်ခါမှထုတ်မဝတ်ဖူးတဲ့အနီရောင်လုံချည်နှင့်အနီရောင်ရင်ဖုံးတို့ကိုဝတ်ဆင်ထားသည်။ တစ်ခါမျှမသုံးဖူးတဲ့မျက်နှာချေမှုန့်အနည်းငယ်ကိုမျက်နှာပေါ်မှာလိမ်းကျံထားပြီး နှုတ်ခမ်းဆိုးဆေးအနည်းငယ်ကိုလည်းနှုတ်ခမ်းပေါ်သို့အရောင်တင်ထားလို့နေသည်။ ဖျားလျားကြနေသည့်ဆံနွယ်ရှည်တွေကိုလည်း ဘီးဆံပတ်ဖြင့်ထုံးလို့ထားပြီး ရှေ့နဖူးပေါ်၌တွဲလိတွဲလောင်းကျနေသည့်ဆံနွယ်တွေအကုန်လုံးကိုဆံညှပ်ဖြင့် ညှပ်တင်လို့ထားသည်။ အကုန်လုံးကိုခြုံငုံပြောဆိုရရင် သူမဟာ သည်ကနေ့သိပ်ကိုလှပနေခဲ့သည်။ အနီရောင်ဟာ အရောက်တောက်တောက်ဖြစ်သည့်အတွက် ရိုင်းတယ်လို့ထင်ရပေမဲ့သူမ၏ ဝါဝင်းဝင်းအသားအရည်နှင့်ပေါင်းစပ်လိုက်တော့ အပြစ်ပြောစရာတစ်ချက်မှမရှိတော့ပေ။

အနွယ်စိတ်တိုင်းကျပြင်ဆင်ပြီးအိမ်‌အပြင်ရှိကားပေါ်မှာ စောင့်နေသည့်မြို့အုပ်မင်းစီ သွားလိုက်တော့သည်။ အောက်ထပ်ဆင်းသွားတော့ မမချိုနှင့်မျက်နှာချင်းဆိုင်တွေ့ပေမယ့်လည်း မမချိုဟာ အနွယ့်ကိုအပြုံးပန်းတစ်ပွင့်သာပြုံးပြပြီး အနွယ့်ကို တစ်ခွန်းမှထုတ်မပေးခဲ့ချေ။

အနွယ်ပင်လည်း အပြုံးတစ်ပွင့်သာပြုံးပြခဲ့သည်။

လင်းမြင့်ဇရာမျိုးမော်တော်ယဉ်ပေါ်မှာသူမလေးကိုထိုင်စောင့်နေတုန်း အိမ်တံခါးဘက်သို့ငေးကြည့်လိုက်လေသည်။ သူတွေ့လိုက်ရတာသည်က မိုးပေါ်ကနတ်သမီးအလား အနီရောင်ဝတ်ဆင်ထားသည့်အမျိုးသမီးငယ်ဟာ သူမထံတစ်လှမ်းစီလျှောက်လို့လာခဲ့သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now