အပိုင်း၄၀။ ဇာတ်သိမ်းပိုင်း

2.2K 137 10
                                    

Uni

၃နှစ်ကြာပြီးနောက်။

" ဟန်နီရေ မပြီးသေးဘူးလား..ပန်းပွဲတော်စတော့မှာနော် နောက်ကျတော့မယ်။ "

ဧည့်ခန်းကနေ အသံစူးစူးလေးလေးနဲ့လှမ်းအော်နေတဲ့အနွယ်ကြောင့်မုန်းအနွေးထည်ဝတ်နေရင်းတိုးတိုးရယ်မိသည်။ ဧပရယ် ၁ရက်နေ့မှာ ကျင်းပတဲ့ကျူးလစ်ပန်းပွဲတော်ကိုသွားရန်တာဆူနေတာ ပတ်နေကြမာဖလာလေးတောယူဖို့အချစ်ကလေးကမေ့နေလေသည်။

" လာပါပြီအချစ်ရဲ့..အချစ်အတွက်မာဖလာပါယူနေလို့ပါရှင့်။ "

ပြောရင်းလက်ထဲမှာအသင့်ပါလာတဲ့မာဖလာလေးကိုပတ်ပေးမိသည်။ ပန်းပွဲတော်သွားဖို့တက်ကြွနေသူလေးကိုအပြစ်မဆိူနိုင်။ ဘာလို့ဆိုတစ်နှစ်မှာမှတစ်ကြိမ်ထဲသာရှိတဲ့ပွဲတော်မဟုတ်ပါလား ။
အမ်တာစဒမ်ရဲ့အအေးဒဏ်ကြောင့်အသားဖြူသူအနွယ်ရဲ့နှာခေါင်းလုံးလုံးလေးက အအေးဒဏ်ကြောင့်နီမြဲနေဆဲ။

အမ်တာစဒမ်ဆိုတဲ့ဤနေရာကို သူမလေးနဲ့အတူ မုန်းပြောင်းလာခဲ့တာသုံးနှစ်ပြည့်ခဲ့ပြီ။ မဖွံ့ဖြိုးသေးတဲ့မြန်မာနိုင်ငံမှာဆို ရစရာမရှိအောင်သမုတ်ကြမဲ့လူတွေကြားထဲမှာသူမလေးကိုမထားနိုင်။ ဘယ်လောက်ပဲသန်မာတယ်ပြောပြော ကျောက်ဆောင်တောင်မှရေတိုက်စားရင်ပြိုကြနိုင်သေးသည်ပဲ။ သည်ကြောင့်မို့လို့ လိင်တူလိင်ကွဲမခွဲမခြားတဲ့ နိုင်ငံလေးတွေထဲမှာမှပုံပြင်တွေထဲက နတ်သမီးနိုင်ငံလို့တင်စားနေကြသည့် နယ်သာလန်နိုင်ငံရဲ့ အမ်တာစဒမ်မြို့လေးကိုပြောင်းရွေ့ခဲ့ခြင်းပင်။

စစအခြေချတုန်းက ဘာသာစကားမတူတဲ့အခက်အခဲကိုအများကြီးရင်ဆိုင်ခဲ့ရပေမဲ့ အခုတော့ တော်တော်လေးအခြေကျသွားပါပြီ။ အိမ်နီးနားချင်းတွေကလဲ သူမတို့စုံတွဲကို ကဲကဲသဲသဲအတွဲလို့ စနောက်ခေါ်ကြသေးတယ်။ အမ်တာစဒမ်မြို့လေးရဲ့အလှအပကိုသူမတို့နှစ်ယောက်အဝကြည့်ရှုပြီးချိန်မှာတော့ဥရောပတစ်ခွင်မှာ ကျန်ရှိနေသေးတဲ့သူမတို့မသိသေးတဲ့အလှတရားကိုရှာဖွေရင်းနေ့စဉ်အချိန်တွေကိုဖြတ်သန်းနေပါသည်။

အနွယ်ကတော့ ဒိန်းမတ်ကိုသွားလည်ရတာကို အကြိုက်ဆုံးပင်။ ဘာလို့ဆို ဒိန်းမတ်ရဲ့ National flower က ဒေစီပန်းလေးတွေဖြစ်သလို သျှင်းတို့စုံတွဲကလဲ ဒိန်းမတ်မှာ အခြေချနေခြင်းကြောင့်ပင်။ တစ်လတစ်ခေါက်အနည်းဆူံးသွားလည်တာကြောင့် သျှင်းတို့ရဲ့အိမ်နီးနားချင်းတွေက အနွယ်တို့ကိုဆို မျက်မှန်းတန်းမိနေသည်အထိပင်။

You've reached the end of published parts.

⏰ Last updated: Mar 18, 2023 ⏰

Add this story to your Library to get notified about new parts!

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now