အပိုင်း၁၄။ မောင့်ရနံ့ငယ်

1.6K 154 54
                                    

Uni
မြို့အုပ်မင်းရုံးခန်း၌မူ ယခင်က  ငြိမ်သက်တတ်နေသော်လည်း ယခုမနက်ခင်းတွင်မူဆူဆူညံညံအသံတွေနဲ့သာပြည့်နှက်နေခဲ့သည်။

အကြောင်းသည်ကား ယခင်မြို့အုပ်မင်းကမူ စာရေး၊ အတွင်းဝန်တို့လာဘ်စားသည်ကို လျစ်လျှူရှုထားလေ့ရှိသော်လည်း ယခုမယ်ရောက်လာသောမြို့အုပ်မင်းပေါက်စမူ လျစ်လျှူမရှုပဲ လာဘ်စားသူများကို ရာထူးရပ်ဆိုင်းသလို၊ တချို့ကိုမူ ရာထူးမှထုတ်ပယ်ပစ်သည်။

မြို့အုပ်မင်း အဖြစ်ပထမဆုံးတာဝန်ထမ်းဆောင်သည့်နေမှာတင် တော်တော်များများကို အလုပ်ဖြုတ်လိုက်သောကြောင့် ယခုမယ် အသစ်ရောက်လာသော မြို့အုပ်မင်းသည်* နတ်ဆိုး * ဆိုပြီးနောက်ကွယ်မှာခေါ်ဝေါ်ကြပြီး ထိုသတင်းသည် ရုံးတခွင် ဟိုးလေးတကြော်ကြော်ဖြစ်သွားတော့သည်။

" ဒီမယ် "

" ပြောစေ စာရေးကြီး "

" ကျုပ် ဒီမှာ စာရေးအဖြစ်တာဝန်ထမ်းဆောင်တာ မင်း တသက်တောင်ကျော်နေပြီ
ဒါကို ခုလို ဗြန်းစားကြီးအလုပ်ထုတ်တော့ ကျုပ်ဘယ်လိုသွားလုပ်ရမတုန်း"

" အဲ့တာ စာရေးကြီးရဲ့ပြသာနာလေ ကျုပ်က နိုင်ငံတော်က ချမှတ်ထားတဲ့အတိုင်း လာဘ်စားတဲ့လူတွေကို အလုပ်ထုတ်ပစ်ယံုပဲ  တဂယ်လို့များ စာရေးကြီးမယ် အပြစ်တင်ချင်တဲ့သူရှိရင် နိုင်ငံတော်စည်းမျဉ်းကို ချမှတ်ထားတဲ့လူကိုပဲအပြစ်သွားတင်သင့်တယ်နော် စာရေးကြီး"

ထိုစကားဆိုလိုက်တော့ စာရေးကြီး၏ မျက်နှာကမူ ငရုပ်သီးနီအရောင်ကဲ့သို့နီရဲတွတ်သွားပြီး ရုံးခန်းအပြင်ထွက်သွားလေသည်။

လင်းမြင့်ဇရာမျိုး ခေါင်းအသာယမ်းခါမိသည်။ သူတို့လာဘ်စားတာအရေးမကြီးဘူး သို့ပေမဲ့ မရှိဆင်းရဲသားတွေကနေ လာဘ်ယူတာကြတော့ ခွင့်လွှတ်နိုင်စွမ်းမရှိ။ မရှိဆင်းရဲသားတွေရဲ့ဘဝကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်မို့ မရှ်ိဆင်းရဲသားတွေရဲ့ဘဝကိုနားလည်သည်။ ဒါကြောင့်ပေမို့ လာဘ်စားလွန်းတဲ့ စာရေးကြီးကို ရာထူးမှထုတ်ပယ်လိုက်ခြင်းပေ။

လင်းမြင့်ဇရာမျိုး..

သူ့အမည်က ဖခင်၏ဇရာဆိုတဲ့အမည်ကို ပါအောင်မှည့်ထားခြင်း။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now