Chapter-1

23.5K 647 11
                                    

"Morning မေမေ"

"ဟဲ့ သား မင်းတစ်ယောက်တည်းလား သားငယ်ရော "

"မေမေ့သားကအခုထိကွေးကောင်းနေတုန်း"

"ဟယ် ဒီကလေးနေဖင်ထိုးထိအိပ်တော့မလို့လား မေမေသွားနှိုးအုံးမယ်နော် "

"ဟုတ်မေမေ"

*ညီလေးကိုမျက်စိအောက်ကအပျောက်မခံတဲ့မေမေကအပေါ်ထပ်တက်သွားပြီးသွားနှိုးလေရဲ့ မနှိုးလို့ကလည်းမရဖေဖေဆင်းလာလို့မိသားစုစုံစုံလင်လင်မနက်စာမစားရရင်မိုးမီးလောင်တော့မှာလေ*

"သားကြီး မင်းမေမေရော"

*ဖေဖေကမေမေ့ကိုမေးပြီးမနက်စာဝိုင်းမှာဝင်ထိုင်တယ်။သောက်နေကျ ကော်ဖီချိုချိုလေးကိုလည်းငှဲ့ထည့်ဖို့ကမမေ့.ဘယ်မေ့ပါ့မလဲ ဒါကမေမေကိုယ်တိုင်ဖျော်ပေးထားတာကို*

"ညီမနိုးသေးလို့ဖေဖေ ဒါနဲ့ဖေဖေနေမကောင်းဘူးလား မျက်နှာကချောင်နေသလိုပဲ"

"နေမကောင်းတယ်ရယ်လို့တော့ဘယ်ဟုတ်လိမ့်မလဲ အသက်တွေရလာပြီလေကွာ ဒီတော့လည်းအိုလာပြီပေါ့"

"ဖြစ်နိုင်တယ် ဒါပေမယ့်ဖေဖေ ကိုယ့်ကိုယ်ကိုအိုလာပြီဆိုပြီးတော့ဖြစ်သလိုမနေလိုက်နဲ့နော် တော်တော်ကြာမေမေသူများဆီပါသွားမှဖြင့်"

"အေး ဟုတ်သားကွ ငါ့သားပြောမှသတိထားမိတယ် ဖေဖေskin careရမယ်ထင်တယ် ဟားဟား"

"ဟားဟားဟား ဖေဖေကတော့လုပ်ပြီ"

*ကျွန်တော်တို့မိသားစုကငွေကြေးချမ်းသာတယ်။ငွေကြေးချမ်းသာသလောက်ပဲစိတ်လည်းချမ်းသာရတယ်။မိဘနှစ်ပါးလုံးကချုပ်ချယ်တာမျိုးမရှိဘူး ခေါတ်မှီတယ်။ဒါပေမယ့်ဘာအလုပ်ပဲလုပ်လုပ်ဖေဖေရောမေမေရောကိုပြောပြရတယ်။မေမေကပြောတယ် မိသားစုဆိုတာတစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်အဝပေးကြရမယ်တဲ့လေ မိသားစုဝင်တွေကြားမှာလျို့ဝှက်ချက်တွေရှိတာမေမေအမုန်းဆုံးပဲ။*
******
"သားငယ်ရေ ထတော့ကွယ် "

"သားငယ်အဲ့လောက်ထိမအိပ်နဲ့စမ်း မေမေဝင်လာမယ်နော် "

"ဟယ် အခန်းထဲလည်းရှိမနေပါလား သားငယ် ဒီကောင်လေးဘယ်များသွားနေလဲ"

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now