Chapter-21

2.6K 138 0
                                    

"အမ ကျုပ်ကိုခေါ်တယ်ဆို"

"ဟုတ်တယ်အရိုင်း တိုင်ပင်စရာရှိလို့"

"ဘာလဲ"

"အရိုင်း...အမလေ အမ ရွာပြန်ချင်တယ်"

"ဘာလို့လဲ အမကိုဘယ်သူတွေကဘာပြောလို့လဲ"

"မဟုတ်ဘူး ဘယ်သူမှဘာမှမပြောဘူး ဒါပေမယ့်.."

ရင်ထဲမှာရှိနေပြီးသားစကားတွေကိုပြောချင်ပေမယ့် သူမကြောင့်မောင်ငယ်လေးစိတ်ရှုတ်သွားရမှာကိုလည်းမလိုချင်ပါ..ပြောမထွက်တာမို့ငိုမြဲသာငိုနေတော့အရိုင်းကစိတ်တိုလာဟန်..

"အမ ဘာဖြစ်တာလဲ ပြောစမ်းပါ"

". .."

"အမ မပြောရင်ကျုပ်သောင်းကျန်းမှာနော်"

"အရိုင်းရဲ့ ငါပြောလိုက်ရင်နင်ကတစ်ဇွတ်ထိုးလုပ်မှာစိုးတယ်"

"ဘာများဖြစ်နေလို့ကျုပ်ကတစ်ဇွတ်ထိုးလုပ်ရမှာလဲ ကျုပ်စိတ်ပူလာပြီ အမြန်ပြောပါတော့ "

အရင်ဆုံးအနေနဲ့အရိုင်းရင်ခွင်ထဲသူမခေါင်းအပ်လိုက်တယ်။လက်တွေကအရိုင်းပုခုံးအားဖိကိုင်ထားပြီး..

"ကိုခွန်းဇော်နဲ့ပြန်တွေ့ပြီ"

"ဘာ "

"မနက်ကမှ "

"ကျုပ်ကိုဘာလို့မပြောတာလဲ "

"ပြောပြီးဘာလုပ်ရမှာလဲငါ့မောင် မင်းတို့မင်္ဂလာယူနေတဲ့အချိန်ကြီးလေ ပြီးခဲ့တာလည်းပြီးပါပြီ "

"မပြီးနိုင်ဘူး ကျုပ်သူ့ကိုအမအရှက်တကွဲအကျိုးနည်းဖြစ်ရသလိုပြန်ပြီးလက်တုန့်ပြန်အုံးမှာ သူဘယ်မှာလဲ ဒင်းဘယ်မှာလဲအမ"

"မလုပ်နဲ့အရိုင်း အရင်တစ်ခါကတော့အမတို့နှစ်ယောက်ပဲစိတ်ဆင်းရဲရတာဆိုပေမယ့် အခုကငြှိုးမာန်ပါစိတ်ရှုတ်ရမှာ"

"ဘာတွေပြောနေတာလဲ ငြှိုးမာန်ကသူနဲ့ဘယ်လိုပတ်သက်လို့လဲ"

"သူကငြှိုးမာန်ကိုကြိုက်နေတာအရိုင်း ငြှိုးမာန်ကြောင့်ပဲအမနဲ့စံလေးကိုစွန့်ပစ်ခဲ့တာ အခုချိန်မှာငြှိုးမာန်သာဒီကိစ္စတွေသိသွားရင် သူစိတ်ဆင်းရဲရလိမ့်မယ်"

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now