Chapter-24

2.8K 145 0
                                    

"အင့်.."

ထုံကျင်ကျင်ဝေဒနါကိုခံစားနေရတာမို့သူမနည်းငုတ်တုပ်ထထိုင်လိုက်ရတယ်။နိုးလာတဲ့အထိလည်းအမြင်တွေကဝေဝါးနေဆဲ နောက်ကျိနေသည့်ခေါင်းကြောင့်နားထင်အားပွတ်သပ်ရင်း ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်တော့..

"ဟင် ဒါဘယ်နေရာလဲ"

သူရောက်နေတာအခန်းတစ်ခုအပြင်သံကိုလည်းဘာဆိုဘာမှမကြားရပဲ တိတ်ဆိတ်နေတယ်။

"ငါဒီနေရာကိုဘယ်လိုရောက်နေတာလဲ ကျစ်"

ဘေးကိုလက်ထောက်လိုက်တော့တစ်ခုခုကိုစမ်းမိသွားတယ်။

"ဟင် "

အမျိုးသမီးအတွင်းခံတစ်ခုကိုတွေ့လိုက်ရတာမို့သူ့မျက်လုံးတွေပြူးကျယ်လာလျက်..

"ဒါ ဒါက "

"အော် ကိုမင်းခတ်နိုးလာပြီလား"

"မင်း ဘယ်သူလဲ"

"ကိုမင်းခတ်ကသိပ်တရားလွန်တာပဲ ကိုယ့်ကိုမနေ့ညကစိတ်ကြိုက်ခြယ်လှယ်ခွင့်ပေးထားတဲ့ပါတနာကိုတောင်မေ့ပစ်တယ်"

အနားရှိနေတဲ့ခုံပေါ်ကဝိုင်ခွက်ကိုယူလာပြီးသူမကခတ်ထန်နားဝင်ထိုင်လေရဲ့..

"အဖော်ပြုပေးပါအုံး"

"ငါဒီကိုဘယ်လိုရောက်လာတာလဲ"

"ဟား ကိုမင်းခတ်ကိုယ်တိုင်လမင်းကိုခေါ်လာခဲ့တာလေကွာ"

ငြုတုတုအသံပြုကာလက်မောင်းကိုဖက်တွယ်လာတဲ့မိန်းကလေးအားသူတွန်းထုတ်လိုက်တယ်။

"မင်းငါ့အသားကိုမထိနဲ့ မင်းကိုသိတောင်မသိတဲ့ငါကဒီနေရာကိုဘယ်လိုခေါ်လာရမှာလဲ မဆိုင်တာတွေမပြောပဲငါမေးတာပဲဖြေစမ်းပါ"

"အဟမ်း သိချင်ရင်လည်းပြောပြရမှာပေါ့ ကိုမင်းခတ်တစ်နေ့ကဆိုင်ကယ်နဲ့အတူလမ်းဘေးမှာလဲနေတာတွေ့လို့လမင်းကဆေးကုဖို့ခေါ်လာတာ ဒါပေမယ့် အဲ့ညမှာပဲ ကိုမင်းခတ်ကနိုးလာတယ် ပြီးတော့ လမင်းနဲ့ယမကာလေးနည်းနည်းသောက်ဖြစ်တယ် အဲ့နောက်တော့ လမင်းတို့တစ်ယောက်ဆန္ဒတစ်ယောက်ဖြည့်ဆည်းပေးခဲ့ကြတာပဲ"

"ဘာ"

*မောင့်အရိုင်းမဟုတ်တဲ့တစ်ယောက်နဲ့လား ငါကမောင့်အရိုင်းမဟုတ်တဲ့တစ်ယောက်နဲ့အတူအိပ်ခဲ့တယ်တဲ့လား မဖြစ်နိုင်ဘူး ဒါလိမ်စဥ်သက်သက်ပဲ လုံးဝမဖြစ်နိုင်ဘူး *

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now