Chapter-30[Final]

6.4K 191 0
                                    

မနက်စောစောပဲသူတို့ပြန်ဖြစ်တယ်။အရင်တစ်ခါကလိုပဲရွာသူရွာသားတွေကနှုတ်ဆက်ပါသည်။

"အရိုင်းရယ် စိတ်ကလေးရှည်ရှည်ထားစမ်း ထစ်ခနဲရှိရွာပြန်ပြန်မလာနဲ့"

"ကျုပ်စိတ်ကျုပ်ပိုင်တယ် သူကြီးအပူမဟုတ်ဘူး"

"အော် ငါ့နှယ် ခတ်ထန်လာလာချော့ခေါ်ရတာလွယ်တယ်မှတ်နေလား"

"မလွယ်တာကျုပ်သိတယ် သူကြီးပြောစရာမလိုဘူး "

ဦးဘဆွေမှာပြောစရာစကားရှာမရတော့ပေ..တစ်ခွန်းမကျန်ပြန်ပြန်ပြောနေတဲ့အရိုင်းကိုစိတ်လည်းမဆိုးနိုင် နဂိုဆဲဆိုခံပက်တာကိုတွေးရင်အခုလိုပြောတာကမဆိုးဘူးလို့တွေးမိတယ်။

"ဘကြီးဆွေ ကျွန်တော်တို့သွားမယ်ဗျာ နောက်မကြာမကြာလာလည်ပါ့မယ်"

"အမလေး အမြဲတမ်းကြိုနေမှာ မအားရင်မလာနဲ့ ရတယ် "

"ဟုတ် "

"အရိုင်းပင် ငါ့တောင်နှုတ်မဆက်တော့ပါလား လင်ကိုစိတ်ကောက်လာတော့ဖြင့်ဒီအောင်နိုင်ဆိုတဲ့လူမွဲကိုပဲအားကိုးနေပြီးတော့"

"ကိုအောင်နိုင်ကြီးမိုးမလင်းသေးဘူးမူးနေပြန်ပြီထင်တယ်"

"ဖြစ်မယ်မောင် အောင်နိုင်ရယ် ငါမင်းကိုနှုတ်ဆက်ဖို့ရှာပါသေးတယ် မင်းကဘယ်ရောက်နေမှန်းမသိတာ"

"အမျိုးမျိုးပဲ ငါ့ကိုထန်းရည်ဖိုးလေး..ဟဲဟဲ မစပါအုံး"

"အောင်နိုင် ငါ့မှာအဆံမရှိတော့..."

"နေနေမောင့်အရိုင်း..ကိုအောင်နိုင် ရော့ "

တစ်ထောင်တန်ဆယ်ရွက်ကိုသူထုတ်ပေးလိုက်တော့အောင်နိုင်ကဘုကြည့်ကြည့်လာပြန်တယ်။

"ဘာလဲ မင်းကငါ့ကိုသူတောင်းစားမှတ်နေတာလား"

"အမ် မဟုတ်ပါဘူး"

"ဟျောင့် အောင်နိုင်ဘာကောင်လဲတစ်ရွာလုံးသိတယ် အရိုင်းပင်ဆီကတောင်းနေကျမို့တောင်းမိတာ မွဲနေလို့မဟုတ်ဘူး ရှင်းလား"

"မောင့်အရိုင်း လုပ်ပါအုံး စေတနာနဲ့ပေးတာကို"

"ထားလိုက်မောင် အလကား ပြန်မယ်"

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now