Chapter-11

3K 156 30
                                    

"သက်လျာရေ မိန်းမ"

"လာပြီကိုနောင် လက်ထဲကဘာတွေလဲ"

"ငါးခြောက် လွမ်းဝေပေးတာ"

"ကိုလွမ်းဝေပေးတာလား အားနာစရာတွေ"

"ဒီကောင်ကကိုယ်တို့မိသားစုကိုအရမ်းခင်နေတာ ဒါနဲ့ ခုနကသားကြီးအခန်းထဲကထွက်လာတာမလား သားကြီးဘာဖြစ်လို့လဲ"

"မသိပါဘူးကိုနောင်ရယ် မနက်တည်းကမနက်စာလည်းထွက်မစားပဲ အိမ်တွင်းပုန်းနေလို့ဝင်မေးတာ အိပ်ချင်တယ်တဲ့ "

"ဟေ ခါတိုင်းဒီကလေးဒီလိုမဟုတ်ပါဘူး ငြှိုးမာန် သား"

နောင်ဦးစံ ခပ်သွက်သွက်ပဲသားဖြစ်သူဆီလာခဲ့တော့ခွေခွေလေးအိပ်နေတာတွေ့လိုက်ရတယ်။

"မင်းငြှိုးမာန် သားကြီး "

"ဗျာ ဖေဖေလား ဘာခိုင်းမလို့လဲ"

"ဘာမှမခိုင်းဘူး သားနေမကောင်းဘူးလား ကိုယ်လည်းမပူပါဘူး"

"ကျွန်မလည်းစမ်းပြီးပြီ အဖျားလည်းမရှိဘူးလေ သားကခွေချင်နေတာ"

"မဟုတ်သေးဘူး ဒီကလေးတစ်ခုခုကိုမလုံမလဲဖြစ်နေတဲ့ရုပ်နဲ့ ငြှိုးမာန် ဖေဖေ့ကိုပြောစမ်း ဘာဖြစ်နေတာလဲ"

"ဘာမှ ဘာမှမဖြစ်ပါဘူး"

"ဘာမှမဖြစ်ရင်လည်းအပြင်လေးဘာလေးထွက်လေသားရယ်"

"သားအိပ်ချင်လို့ပါဖေဖေ "

"တယ် ဒီကလေးနဲ့ခတ်ပါ့"

"ကိုနောင် ထွက်ပေးလိုက်ရအောင် သားကပင်ပန်းနေတာဖြစ်ပါလိမ့်မယ်"

"အင်း ငြှိုးမာန် တစ်နေ့လုံးလည်းလှဲမနေနဲ့ ခေါင်းထဲသွေးရောက်ရင်ခေါင်းကိုက်မယ် ကြားလား"

"ဟုတ်ကဲ့ဖေဖေ "

မိဘနှစ်ပါးထွက်သွားတော့မှငြှိုးမာန်နေရာမှာပြန်လှဲချလိုက်သည်။

*ညီ့ကိုခေါ်ရမလား ညီ့ကိုပဲတိုင်ပင်ရမှာ ဒါဘယ်လိုဖြစ်တာလဲ*

"ဖေဖေ"

"ပြောလေသားကြီး ဘာဖြစ်လဲ"

"သားကိုလေမရိုမသေ ညီ့ကိုခေါ်ပေးပါလား"

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now