Chapter-10

3.4K 192 3
                                    

ဆိုင်းသံဗုံသံတို့ဖြင့်ဆူညံလို့နေတဲ့သောင်ခုံရွာရဲ့မနက်ခင်းတစ်ခု...
စည်ကားလှတဲ့လူတန်းရှည်ကြီးကသောင်ခုံရွာဘက်မှစတင်ထွက်ခွာလာကာတော်ကူးရွာထိပ်ရှိရွာဦးစေတီလေးသို့ဦးတည်သွားလျက်ရှိသည်။

"ဟေ့ဟေ့ အရမ်းမတိုးကြပါနဲ့ မိန်းမနဲ့ကလေးတွေပိကုန်မယ်"

"နောက်ဆုတ်ကြစမ်း "

လူတန်းကြီးရဲ့ထိပ်ဆုံးမှာတော့ ရွာဦးစေတီမှာကိုးကွယ်ထားတဲ့မြတ်စွာဘုရားရဲ့ဓတ်တော်ကိုပင့်ဆောင်သွားနေလေသည်။ထိုအနောက်မှလုံမပျိုလေးများမှာသူ့ထက်ငါအလုအယက်ပြိုင်ဆိုင်လို့လှပနေကြပြီးခေါင်းပေါ်တွင်လည်းဘုရားဆင်းတုတော်များကိုရွက်ထားလျက်ရှိသည်။ရှိရှိသမျှကာလသားတို့မှာလည်းထိုနေရာမှမခွာတော့ပဲကာကွယ်ပေးသည့်ဟန်ဖြင့်မျက်စိအစာကျွေးနေတော့၏။အပျိုတန်း၏အနောက်မှရွာလူကြီးအချို့နှင့်ဆိုင်းဝိုင်းဒိုးဝိုင်းတို့ကလိုက်သည်။လမ်းတစ်လျှောက် သက်လျာနဲ့နောင်ဦးကပိုက်ဆံတွေကြဲလာတဲ့အတွက်ယခင်နှစ်များထက်ပင်ပိုလို့စည်ကားနေခဲ့တယ်။

တစ်ဖက်မှာတော့ အရိုင်းလက်ကိုတင်းတင်းဆွဲပြီးတိုးဝှေ့ကာလိုက်ကြည့်နေတဲ့ခတ်ထန်

*စိတ်ညစ်လိုက်တာ မောင်ကြည့်ချင်လို့သာပြရတယ် လူကကျပ်ကျပ်နဲ့ မနေတက်ပေါင်*

"မောင့်အရိုင်း ရှေ့ကိုသွားရအောင်"

"ဒီကကြည့်လည်းရပါတယ်မောင်ရယ်"

"မရပါဘူး နောက်တစ်နှစ်ဒီလိုကြည့်ရဖို့ဆိုတာဝေးတယ်မလား လာပါ လိုက်ကြည့်ရအောင်"

"အင်း"

ပြောလို့မနိုင်တဲ့အဆုံးသူ့မှာခတ်ထန်ဆွဲခေါ်ရာနောက်ပါလာခဲ့ရသည်။သူတို့တိုးကြည့်နေတာအပျိုတွေနဲ့တောင်နီးကပ်လုဖြစ်နေပြီ..ဒါကိုခတ်ထန်ကဆက်တိုးနေတုန်းပင်..

"မောင် "

"လာပါ ဟော ဟိုမှာကြည့် ကိုအောင်နိုင်မလား ကနေတာကွေးလို့ ခ်ခ်"

"သူကဒါပုံမှန်ပါပဲ"

"ပိုက်ဆံကပြေးကောက်လိုက်သေး ဟက် "

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now