Extra-2

2.3K 118 3
                                    

ပါတီပွဲဆိုတဲ့အတိုင်းသူငယ်ချင်းတွေကတော့တရုန်းရုန်းပဲ..ခတ်ထန်တို့အဖွဲ့ထဲကကောင်လေးတစ်ယောက်မိန်းမရသွားတာမို့သူငယ်ချင်းတွေကိုပါတီပေးဖြစ်ခဲ့ခြင်း...ခါတိုင်းလိုတော့ခတ်ထန်တစ်ကိုယ်တည်းတောက်ပလို့မရ..ဘေးမှာကအရိုင်းပါလာသေးတော့စိတ်တွေထိန်းနေရတယ် အရင်ကဆိုသီချင်းသံကြားတာနဲ့သူပြေးကလိုက်ပြီလေ..အခုနေပြေးကလိုက်ရင် ပါတီပွဲကအရိုင်းလက်ချက်နဲ့ပျက်ဆီးသွားနိုင်တယ်..

"ဟျောင့် ငြိမ်နေပါလား အသေကောင်အတိုင်းပဲထိုင်နေတာ"

ဘီယာဗူးလက်ကမချတဲ့တစ်ယောက်ကအနားလာထိုင်ကာပြောတော့ခတ်ထန်မဲ့ပြလိုက်ရတယ်။အနားတိုးပြီးနှစ်ကိုယ်ကြားကြားနိုင်တဲ့လေသံလေးနဲ့..

"မောင့်အရိုင်းရှိနေတယ် ဆင်ခြင်"

"ဟ အဲ့လိုလား"

"တိုးတိုးပြောဆိုနေ"

"သူ့ပါတိုက်လိုက်လေကွာ ခဏ ငါသွားယူပေးမယ်"

"မဟုတ်ဘူး မလုပ်နဲ့ မင်းမသိဘူး"

"ရတယ် ပျော့ပျော့လေးပဲပေးမယ် တိုက်လိုက်"

"ကျစ် မရပါဘူးဆိုနေကွာ"

"ခတ်.."

"ဘာလဲ"

"လေသံကဘာဖြစ်နေတာလဲ အရိုင်းကိုငါတို့နဲ့ခဏလောက်လွှတ်ထားပေး "

"မလိုက်ဘူး.မောင် အရိုင်းဘယ်မှမသွားဘူးနော်"

"မြင်တဲ့အတိုင်းပဲ..သူ့ဟာ့သူကြက်ကြော်ပဲစားနေပါစေ"

"ပျော်အောင်လုပ်ပေးမလို့လေကွာ မင်းကလည်း"

"မှူးဒါရာ နင်မူးနေရင်လည်းအေးဆေးနေ ငါ့ယောက်ျားပြသနာလာရှာမနေနဲ့ "

"ငါကခင်လို့ပါ အရိုင်း တို့နဲ့လိုက်ခဲ့ သွားသောက်မယ် လာ"

"မလိုက်ဘူး..လွှတ်"

"ဒါရာ အရမ်းမလုပ်နဲ့ "

"ဟျောင့် ခတ်ထန် သားကြီးရောက်နေတာငါတို့ကိုတောင်အသိမပေးဘူး "

"ဟဲဟဲ ခဏနေကြပါအုံး မောင့်အရိုင်း"

"လာပါ အမလေး အခုမှမခွဲနိုင်မခွာရက်တွေဖြစ်ပြနေ...အိမ်ရောက်လည်းတွေ့ရမှာကို"

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now