Chapter-5

4.4K 244 3
                                    

"အရိုင်းပင် ခတ်ထန်ကိုလာကြည့်တာလား"

"ဟုတ်တယ်"

"အပေါ်မှာမှေးနေတယ်"

"အင်း"

အူယားဖားယားနဲ့ပြေးတက်သွားတဲ့လူကိုကြည့်ကာသက်လျာမင်းခေါင်းခါလိုက်မိသည်။

*ဘယ့်နှယ် အကြောက်အလန့်လည်းမရှိ အမှန်ဆိုငါခက်တင်းတင်းဆက်ဆံလိုက်ရင်ဒူးတုန်နေရမှာကို ဒီကလေး ဘယ်လိုကလေးလဲ*

အပြင်မှာမိုးကအေးနေလေတော့ခတ်ထန်တစ်ယောက်အိပ်ယာပေါ်မှာကွေးနေအောင်အိပ်နေသည်။အရိုင်းအပေါ်တက်ခဲ့တော့ ကောင်းကောင်းမွန်မွန်အိပ်စက်နေတဲ့လူကိုကြည့်ပြီးအနားတိုးသွားမိတယ်။နေမကောင်းတာကြောင့်နွမ်းနေတဲ့မျက်နှာပေါ်လက်နဲ့တို့ထိရင်းအကြည့်တွေကပန်းရောင်နှုတ်ခမ်းသားတစ်စုံပေါ်အရောက် သူ့ရင်ထဲအတိုင်းမသိလှုပ်ခါသွားရသည်။

"ကိုအရိုင်းပင်"

"ဟင်"

ငြှိုးမာန် အရိုင်းပင်အနားရောက်နေသည်မှာကြာလှပြီ ခတ်ထန်မျက်နှာကိုကိုင်ပြီးတိတ်ဆိတ်နေတဲ့ထိုလူကြောင့်သူပါငြိမ်သက်နေမိတာ

သူခိုးလူမိသလိုဖြစ်သွားတဲ့အရိုင်းပင်ကသူ့ကိုပြူးကြည့်လာပြီးမသိချင်ယောင်ဆောင်နေတယ်။

"ငါခတ်ထန်ကိုလာခေါ်တာ"

"သူနေမကောင်းဘူး အခုနေအပြင်သွားရင်အပြင်းဖျားသွားလိမ့်မယ်"

"ခတ်ထန်ကငါ့ကိုခေါ်ထားတယ်"

"ညီကအခုထမှမထနိုင်တာ ကိုအရိုင်းပင်မြင်တယ်လေ"

"ခတ်ထန်ကငါနဲ့အပြင်သွားမယ်လို့ပြောထားတယ်"

"ကျစ် ကျွန်တော်ဘယ်လိုပြောရပါ့မလဲ"

"အင်းဟင်း ကျွတ်ကျွတ်"

"အော် ညီ နိုးလာပြီလား"

"အကိုရိုင်းရောက်နေတာလား"

"မင်းပဲငါ့ကိုခေါ်ထားတာလေ "

"ဟုတ်ပါတယ် ကျွန်တော်ငြင်းနေလို့လား"

"ဒါဆိုလည်းသွားမယ်လေ အဖိုးကြီးအိမ်မှာငါကြာကြာမနေချင်ဘူး"

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now