Chapter-29

2.9K 136 1
                                    

"အရိုင်းရေ အရိုင်း ဟေ့ တစ်ယောက်မှမရှိဘူးလား"

"အင်းးးးးရှိတယ်"

အိမ်ခြံဝကနေစီးအော်နေတဲ့အောင်နိုင့်အသံကြောင့်အရိုင်းနိုးလာခဲ့တယ်။သို့ပေမယ့် ထလို့ကမရသေး...

"မောင်ညကတည်းကဖက်ထားတာအခုထိမလွှတ်သေးဘူး အကြောတွေတော့တောင့်ကုန်တော့မှာပဲ"

"အရိုင်း အော် ထတောင်မထကြသေးဘူးလား"

"ဘာဖြစ်လို့လဲအောင်နိုင် ဝင်ခဲ့လေ"

"ဒီမှာလေ မြို့ကလာတဲ့မမစိမ်းကမင်းတို့ဆီလိုက်ပို့ဆိုပြီးငါ့ပြသနာရှာနေတယ်"

"ပြသနာရှာနေရင်လည်းပြသနာကိုသူမတွေ့အောင်ဖွက်ထားလိုက်လေဗျာ "

အိပ်ချင်မူးတူးနဲ့ထပြောတဲ့ခတ်ထန်စကားကြောင့်ကိုအောင်နိုင်ခမျာပြောစရာစကားလုံးပျောက်ရှသွားရတယ်။

"မောင် ထတော့ ဟိုမှာ ဟိုမိန်းမမလား"

"ဘယ်မိန်းမလဲ"

"မေ မေဘယ်သူဆိုလားသူ့နာမည်"

"မမေလမင်းလား"

"အင်း ဖြစ်မယ်ထင်တယ်"

"အထဲခေါ်လိုက်လေ မောင့်အရိုင်းကလည်း "

"အထဲခေါ်ဖို့ဒီမှာရှုပ်ပွနေတာကို မောင်အရင်ထမှဖြစ်မယ်"

"အင်းးးးအိပ်ကောင်းချင်လည်းမအိပ်ရပါဘူးကွာ"

"အောင်နိုင် သူ့ကိုအထဲခေါ်လိုက်"

"အေး ငါလည်းခဏနေကျွဲကမလို့ပြင်နေတာ ဒီမမလှလှကအတင်းတွေအကူအညီတောင်းနေလို့ ဟေ့ ဝင်လာခဲ့တဲ့"

"ဟုတ်ကဲ့"

သူမကအိမ်လေးထဲတစ်လှမ်းချင်းဝင်လာတယ် ပန်းနုရောင်ရင်ဖုံးထဘီဝမ်းဆက်လေးကိုဝတ်ဆင်ထားပြီးအပြုံးရေးရေးလေးပြုံးထား၏။

"ကိုမင်းခတ်"

"လာလေမလမင်း မောင့်အရိုင်း ဟိုတစ်နေ့ညကမောင်နဲ့တွဲရိုက်ထားတာသူမလား"

"အင်း ခင်ဗျားကဘယ်ကလဲ"

"ကျွန်မဒဂုံဆိပ်ကမ်းကပါ နာမည်ကမေလမင်းလို့ခေါ်ပါတယ်အကို အဲ့နေ့ညကပြောခဲ့တာတွေအတွက်တောင်းပန်ချင်လို့ပါ"

{မောင့်အရိုင်းပင်}[Completed]Where stories live. Discover now