အပိုင်း၂။ မြေခွေးအို

2.4K 239 19
                                    

Uni

အကြင်သူ၏ကိုယ်သင်းရနံ့လေးသည်
ကျွန်မ အဖို့ အဖိုးမဖြတ်နိုင်သည့်
တန်ဖိုးကြီးရတနာပေ။

~~~~~~~~~~~
တခြားတစ်ဖက်တွင်မယ် အိုဗါလန်ကားပေါ်၌ ညအလှကိုခံစားနေသောမိန်းမပျိုလေးတစ်ယောက်ရှိလို့နေသည်။

အိုဗါလန်မော်တော်ယာဉ်သည်ကား  အလုံပိတ်မဟုတ်သည့်အတွက် သဘာဝလေတို့ဖြင့်ထိ‌တွေ့ခွင့်ရသည်။ ညအချိန်သည်ကား နေဝင်ရီရောအချိန်ဖြစ်သည့်အလျောက် အလုပ်ချိန်ပြီး၍ အိမ်ပြန်ကြကုန်သော လုပ်သားများရယ်၊ စာသင်ချိန်ပြီး၍ ပြန်လာသော ကောလိပ် ကျောင်းသူကျောင်းသူများကို လမ်းတစ်လျောက် မြင်တွေ့နေရသည်။

ညအချိန်မှ ဖွင့်သော ဆိုင်တစ်ချို့၌လည်း ဆိုင်တွင်လာရောက်စားသုံးသူများနှင့်ပြည့်နှက်လို့နေပြီ။ ဆိုင်များတွင် မိသားစုလိုက်လာစားသုံးနေကြသူများ၊ တချို့ဆို အတွဲများ သိပ်ကို ပျော်ဖို့ကောင်းလှသည်။ အပူအပင်မရှ်ိ ချစ်တဲ့သူတွေနဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရုံပဲ။

အနွယ်တို့ ဘဝမှာရော ဒီလို လွတ်လွတ်လပ်လပ်ပျော်ရွှင်နိုင်ခွင့်ရှ်ိပါ့မလား...။

မေ့လို့ ဇာတ်ဆရာက ပျော်ရွှင်ခွင့်မှမပေးထားတာ၊ မေ့လည်းမေ့နိုင်လွန်းတယ် အနွယ်ရယ်။

ဒီလိုမေ့နေမှတော့ ဘယ်နှယ့်လုပ်မတုန်း။

အတွေးတွေလွန်နေသည်နှင့် ဘယ်နေရာရောက်နေမှန်းတောင်မသိတော့။သေချာ ကြည့်လိုက်တော့မှကားလေးသည် လူချမ်းသာရပ်ကွက်တစ်ခုဖြစ်သည့်  ဗဟန်းမြို့ နယ်အတွင်းမှာရှိသည့်  စန်ဒရီထဲသို့ချိုးကွေ့ပြီးဝင်လာခဲ့သည်။ အနွယ်သိရသလောက်ကတော့ ဒီရပ်ကွက်မှာနေထိုင်တဲ့သူတွေက မြို့အုပ်မင်း၊ ရှင်ဝန်မင်း၊ လူကုန်ထံသူဌေးကြီးတွေနဲ့ အခြားသော ရာထူးရာခံကြီးကြီးမားမားထဲကလူတွေသာနေထိုင်ကြသည်ဖြစ်သည်။

အနွယ်စီးလာသော အိုဗါလန်ကားလေးသည် နန်းတော်တမျှကြီးမားလှသော အိမ်ကြီးရှေ့မှာ တိကနဲထိုးရပ်သွားသည်။
မော်တော်ယာဉ်သမားက ကားကိုစက်သတ်လိုက်ပြီး အနွယ့်ကို အိမ်ထဲသို့ခေါ်သွားပေးသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now