EPISODE - 1

2.3K 171 18
                                    

( Zawgyi )

သည်ကနေ့ ကောင်းကင်ကြီးဟာ အညိုးကြီးစွာမိုး ရွာ ချနေသည် ။ ထီးမပါသော လူတစ်ချို့ဟာလည်း အပြေးအလွှားဖြင့် မိုးခိုရန် နေရာရှာလေသည် ။ တစ်ချို့ကတော့ ထီးလေးတွေ ဆောင်းလျက် ကိုယ်ဦးတည်ရာ အရပ်ကို သွားနေကြသည် ။

အဲ့ဒီလူတွေထဲကမှ ကင်မ်ထယ်ယောင်းဆိုသော ကောင်လေးဟာ ကားထဲ၌ မီးပွင့်စိမ်းသည်ကို စောင့်နေမိသည် ။ ထိုအချိန် သူမျက်စိကျသွားခဲ့ သည့် Cafeဆိုင်လေးကို ဝင်ရန် အကြံရသွားသည်။ ဒါကြောင့်ပဲ ကားကို သင့်တော်ရာနေရာ၌ ကားရပ် ကာ ထီးအနက်ရောင်ကိုဆောင်းလျက် ဆိုင်ထဲသို့ တည်ငြိမ်စွာ ဝင်ခဲ့သည် ။

ဆိုင်ထဲဝင်သည်နှင့် မြင်ကွင်းရှိသောမှန်နားထက် နေရာယူကာ ထိုင်သည် ။ ထိုအခါမှလည်း မိုးဟာ အညိုးကြီးစွာဖြင့် ပို၍ ရွာချလာသည် ။

" ဧည့်သည် ဘာသုံးဆောင်မလဲခင်ဗျ "

ဖော်ရွေစွာ ခေါ်လာသော ဝိတ်တာလေးကြောင့် သူတစ်ခုခုမှာရန် ဆုံးဖြတ်လိုက်သည် ။

" cappuccino ခါးခါးလေး တစ်ခွက်ပေး "

" ဟုတ်ကဲ့ "

ဝိတ်တာလေး ထွက်သွားပြီးနောက် သူလမ်းမထက် တွေတွေလေး ကြည့်နေလိုက်သည် ။

သူဟာ မိုးရွာခြင်းကို နှစ်သက်သူမဟုတ် ။ ပြီးတော့ ဒီလို အချိန်အခါမဟုတ် ရွာချလာသည့် မိုးကိုပင် မနှစ်သက်ပါ ။

အတန်ကြာ ဝိတ်တာကောင်လေး လာချပေးသော cappuccino ခါးခါးလေး လေးတစ်ခွက်အား သောက်လိုက်သည် ။ လည်ချောင်းတစ်လျှောက် စီး ဆင်းသွားတဲ့ ကော်ဖီပူလုံးလေးဟာ သိပ်လည်းမပူ တော့ ထယ်ယောင်း ပြုံးမိသည် ။

မိုးရွာနေလို့ထင် ဒီအချိန် ဘယ်Coffeeသောက်လိုက် ပါစေ ၊ အရသာက သိပ်လိုက်ဖက်တာပဲ ။

ကော်ဖီတစ်ငုံသောက်ကာ သက်ပြင်းခပ်ရဲရဲလေးချမိ သည် ။ ကော်ဖီသောက်ကာ အတွေးလွန်နေရင်း တစ် ဖက်က ကားမှတ်တိုင်ရှိ အပြာနုရောင် အသေးလေးထံ မျက်လုံးရောက်သွားသည် ။

အပြာနုရောင် Hoodieအပွကိုမှ ၊ ဂျင်းအပြာနုရောင် အရှည်ဖြင့် တွဲ၍ ဝတ်ဆင်ထားသောခပ်ပုပုအရပ်ဖြင့် ကောင်လေး ၊ Hoodieကခေါင်းစွပ်ကြောင့် ကောင် လေး၏ ဆံပင်ကိုမတွေ့ရပါ ။ အပြာနုရောင် ကျောပိုးအိတ်လေးကိုလွယ်ထားသော သူ့ကိုကြည့်ပုံ အရ အပြာရောင်နှစ်သက်သူဟု ယူဆမိသည် ။ တဖန် ထီးအကြည်ရောင် ကိုင်ထားသည့် လက်ဖြူဖြူ ဥဥလေးကိုလည်း အထင်းသား မြင်ရပြန်တော့ ပြုံးမိပြန်သည် ။ သူ့အားလိုက် ကြည့်မိသော ကျွန်တော့်ရဲ့မျက်လုံးအစုံတို့သည် အောက်ရှိ sneakerအပြာနုရောင် ထပ်မံရောက်သွား သည် ။ အပြာနုရောင်အား ချစ်မြတ်နိုးတဲ့ အသေး လေးကိုကြည့် တစ်စုံကြည့်မိသည် ။ ကားမှတ်တိုင် မှာ ကားစောင့်နေတဲ့ ကောင်လေးဟာ မိုးရာသီကို နှစ်သက်သည်ထင် ၊ မိုးစက်လေးတွေအား လက်ဖြင့် ခံကာ ဆော့နေသည် ။ တဖန် အဝေးကနေဖြစ်တာ ကြောင့် မျက်နှာကိုမမြင်ရတာကြောင့် သူမျက်မှောင် ကြုံ့မိသည် ။

Still With You ( Completed )Where stories live. Discover now