EPISODE - 2

1.2K 138 22
                                    

( Zawgyi )

" ဟင်းးးး "

သက်ပြင်းရှည်ချလျက် ထယ်ယောင်းတွေးမိသည် ။

ဘာလို့ ဒီနေ့ မိုးမရွာပါလိမ့် ။ သူကရော ဘာလို့ထွက် မလာတာပါလိမ့် ။ ဖြစ်နိုင်ရင် မိုးကိုနေ့တိုင်းရွာစေ ချင်ပါသည် ။ သူ့ကိုလည်း တွေ့ချင်မိပါသည် ။
မြင်မြင်ချင်း ချစ်မိသွားတာလား ဒါမှမဟုတ် သူရဲ့ ပုံပန်းသဏ္ဍန်ဟာ တစ်မူထူးခြားနေသည်လား ။ ဘာဖြစ်နေပါစေ ကျွန်တော်သူ့ကို တွေ့ချင်သည် ။ ဒီတောင်းတမှုဟာ ကျွန်တော်၏ ရင်ထဲက လာသည့် ဆုတောင်းခြင်းဖြစ်သည် ။

မိုးရာသီကို ကျွန်တော်မနှစ်သက်ပါဘူး ။ သို့ပေမဲ့ မိုးရွာတဲ့ နေ့တစ်နေ့မှာ ပထမဆုံး သူ့ကိုမြင်တွေ့ခဲ့ရ သည် ။ ဆန်းကြယ်သည့် နေတစ်နေ့ပါ ။ ဘယ်လို ပြောရမလဲ ။ မိုးနတ်မင်းကြီးဟာ ကျွန်တော့်အတွက် ဖူးစာရှာပေးလိုက်သည်ထင် ။ မိုးရွာတဲ့ထွက်လာ တက် သူ့ကိုလည်း ကျွန်တော်ကိုယ်တိုင်မှ မိုးနတ် သားလေးဟု ခေါ်ဆိုချင်မိသည် ။

အမှန်တိုင်းပြောရလျှင် မိုးရာသီကိုမနှစ်သက်ပါ ။
သိုပေမဲ့ မိုးရာသီ၌ ကျွန်တော်တို့နှစ်ယောက်အား တွေ့ဆုံစေသော မိုးစက်လေးတွေကိုတော့ တစ်ခါ တစ်လေ သဘောကျမိပါသည် ။ ယခုလည်း သူ့ကို တွေ့ရန် မိုးမြန်မြန်ရွာပါဟု ဆုတောင်းနေခဲ့သည်မှာ ကြာမြင့်နေပါပြီ ။ ကောင်းကင်ကြီးဟာလည်း အုံ့မှိုင်း နေခြင်းလည်း မရှိပါ ။ စိတ်ထဲ မိုးရွာအောင် ဘာတွေ လုပ်ရမလဲဟု အကြိမ်ကြိမ်အခါခါတွေးမိသည် ။

သူ၏ ရုံးခန်းဟာ ဆိုလ်းတစ်မြို့လုံး၏ မြင်ကွင်းကို သိသာထင်ရှားစွာ မြင်နေရသည့် မှန်ကြီး ကာထား သည်မို့ ထိုမှန်ကြီးဘက်အား မျက်နှာမူကာ မိုးရွာဖို့ကို ကြည့်နေမိသည် ။

ဒေါက် !  ဒေါက် !

" သခင်လေး..အာ.မှားလို့ Boss ကျွန်တော့်ကို ခေါ် တယ်ဆို "

သူ၏ ဆရာက သခင်လေးခေါ်သည်ကို မကြိုက်တာ ကြောင့် မခေါ်တော့ပါ ။ အကြောင်းကား သူ၏ Bossသည် လူတွေရဲ့အထက်စီးဆန်ဆန် ခေါ်ဆိုတာ ကိုမကြိုက်ပါ ။ ဒါဟာလည်း သူတို့နဲ့သာဖြစ်သည် ။ ကျန်တဲ့ သူတွေနဲ့ဆို အထက်စီးဆန်စွာ နေထိုင်သူပါ။

Still With You ( Completed )Where stories live. Discover now