EPISODE - 5

961 123 47
                                    

( Zawgyi )

အဲ့နေက အိမ်ကိုပြန်ရောက်လေတော့  ကျွန်တော့်ရဲ့ Bossဟာ သောင်းကျန်းလေပြီ ။ မင်းမှ ငါ့ကို လက်တို့ပြီး သတိမပေးတာတဲ့ ။ သူကပဲပြောရ တယ်ရှိသေး ။

သူကိုယ်တိုင် သူ့အပြာနုရောင်ကို သူ့Coatခြုံပေးနေ ပြီးတော့ အခုမှ ' ဆူဟွန်း မင်းကြောင့် ! ' ဆိုကာ ပြသနာရှာနေလေရဲ့ဗျာ ။ ကြားလို့မှ ကောင်းကြ သေးရဲ့လား ။

" Boss အပြင်ထွက်မလား ? မိုးရွာဖို့ဆိုရင်တော့ ကောင်းကင်ကြီးက အသင့်ဖြစ်နေပြီထင်တယ် "

" ထွက်ရမှာပေါ့ ! ထွက်ရမှာပေါ့ သူလာမှာပဲကို "

" ဟုတ်ကဲ့ ဒါဆို...ကျွန်တော် .. "

" ရတယ်..ငါ့ဘာသာ သွားမယ် ၊ မင်းသာ Companyကို ကြည့်ထား "

" ဟုတ်ကဲ့ Boss !! "

ထယ်ယောင်းဟာ ဆူဟွန်းအား အမိန့်ပေးပြီးနောက် သူကိုယ်တိုင်ပင် အပြင်ထွက်ရန်ကြံတော့သည် ။
ဒီကြားထဲ တွေးမိတာလေးရှိသေးသည် ။ ဟိုနေ့က သူထိတွေ့ခွင့်ရှိလိုက်တဲ့ အပြာနုရောင်ရဲ့ ကိုယ်ငယ်လေးအား ထိတွေ့မိသည့် လက်ကိုကြည့် ကာ နှစ်ချိုက်စွာ ပြုံးမိသည် ။

မင်းကြောင့် ကိုယ့်အပြုံးတွေက နူးညံ့နေတယ် ။
မင်းရော ကိုယ့်နဲ့ထပ်တူ ပြုံးနေမလား ။ အချိန်သာ မနှောက်နှေးသေးဘူးဆို ကိုယ်မင်းနဲ့ဆုံချင်ပါ့ဗျာ ။ မင်းသာ ကိုယ်နဲ့ဖူးစားမှန်ရင် ကိုယ်မင်းကို အဲ့အခါကျ အပိုင်သိမ်းပြစ်မှာ ။
အပြာနုရောင်ငယ်ကို စချစ်မိကထည်းက ကိုယ့်ရင် တွေ အစိုးမရတော့ဘူး ။ ဒါကြောင့် အပြာနုရောင် ကိုယ့်ကို တာဝန်ယူရမယ် ။

" Boss ! မသွားသေးဘူးလားဗျ "

" မရှည်နဲ့ ! ငါသွားမယ် ! "

ဝုန်း !

ထယ်ယောင်းမျက်မှောင်ကြုံ့လျက် အပြစ်မရှိသော တံခါးအား အကြမ်းပိတ်ကာ သူထွက်သွားသည် ။

တကယ်တော့ သူ့ကိုစိတ်ဆိုးနေတာပါလေ ။ သူ့ကြောင့် အပြာနုရောင်ကို ပျောက်သွားတာတဲ့ ။ ထိုနေ့ကဆို နေ့လည်စာရော ၊ ကော်ဖီရော မသောက်ပဲ ပြန်လာခဲ့ရတာ ။ ဘဝကဆိုးရော ။ အဆိုးဆုံးကတော့ Bonusတောင် မရဘူးတဲ့လေ ။

Still With You ( Completed )Where stories live. Discover now