EPISODE - 3

980 137 26
                                    

( Zawgyi )

မနေ့က အပြာနုရောင်လူသားလေး ကျကျန်ခဲ့တဲ့ လက်ကိုင်ပုဝါအဖြူလေးကို ကိုင်ကြည့်ကာ ပြုံးနေမိ ပါသည် ။ လက်ကိုင်ပုဝါလေးကိုတောင် ဝူမင်က လျှော်မယ်ဆိုတာတောင် လက်မခံခဲ့ပါ ။ ဆိုလိုသည် ကား ကျွန်တော်ဟာ အပြာနုရောင်သေးသေးလေး၏ ရနံ့ကို နမ်းရှိုက်ချင်တာကြောင့်ပင် ။

ခြောက်သွားတဲ့ လက်ကိုင်ပုဝါအဖြူလေးကို နမ်း ကြည့်တာတောင် လာဗင်ဒါရနံ့သင်းသင်းလေးဟာ ယခုအချိန်ထိ ကျန်နေဆဲပါ ။ ထိုရနံ့ကို ကျွန်တော် ကြိုက်နှစ်သက်သည် ။ ထိုအရာထက် လာဗင်ဒါရနံ့ ကိုသုံးတဲ့ သူ့ကို ကျွန်တော် ပို၍ နှစ်သက်သည် ။ လှရက်လိုက်တာ မင်းရာ ။ ကိုယ်အရမ်းကို တွေ့ချင် နေပါပြီဗျာ ။

မနေ့က တွေ့မြင်ရတဲ့ မြင်ကွင်းလေးအား ပြန်မြင် ယောင်ကြည့်ခြင်းဖြင့် သူနှစ်နှစ်ချိုက်ချိုက်ကိုပြုံးမိပါ သေးသည် ။ ဘေးတိုက်မြင်လိုက်ရတဲ့ သူ့မျက်နှာ နုနုလေး မြင်သူအဖို့ စွဲမက်ချင်စရာကောင်းလှသည် ။ မြင်သူအဖို့ ဆိုပေမဲ့လို့ ကျွန်တော်သည်သာ တစ် ယောက်ထည်း စွဲမက်ချင်ပါသည် ။ နမ်းရှိုက်ချင် သည် ။ မြင်လိုက်ရတဲ့ နှုတ်ခမ်းသားနုနုလေးကို နမ်းချင်သည်အထိ ။

အပြုံးတို့အား မရပ်မတန့်နိုင်အောင် နှစ်ချိုက်စွာ ပြုံး မိသေးသည် ။ လက်ကိုင်ပုဝါအဖြူလေးအား ဘူး လေးထဲ သေသပ်စွာခေါက်၍ ထည့်ထားသည် ။ ထို ဘူးလေးဟာ သူ့ရဲ့ အပြာနုရောင်သေးသေးလေး အတွက် သူ့အပြာနုရောင်လေးနဲ့ တွေ့ရင် ပေးမည့် ဘူးလေး ။ ဒါ့အပြင် ပိုပိုသာသာအနေဖြင့် ကင်မ်ထယ်ယောင်းရဲ့ အချစ်တွေကိုပါ ပေးမည် ။

ဒေါက် ! ဒေါက် !

" ဝင်ခဲ့ ! "

" Boss ! ဟိုလေ... အောက်မှာ သခင်မကြီးကင်မ် ရောက်နေပါတယ် ၊ ပြီးတော့ Bossရဲ့ အမေရောပဲ "

ကင်မ်ထယ်ယောင်း မျက်မှောင်ကြုံ့မိသည် ။ ဒီတစ်ခါရော ဘာကိစ္စနဲ့ ရောက်လာပြန်လဲမသိ ။ အဖွားရဲ့ ကလေးသဖွယ် ဆက်ဆံတဲ့ အရွယ်ကို သဘောမကျပါဘူးဆိုတာကို သူတို့က ' မြေးလေးရေ အိမ်ပြန်လာနေပါ ' ဟုဆိုသော စကားအား တဖွဖွ ပြောလေ့ရှိသည် ။

Still With You ( Completed )Where stories live. Discover now