EPISODE - 16

860 105 9
                                    

( Zawgyi )

" ကျွန်တော်လည်း ကင်မ့်ကိုချစ်တယ် ~ "

ထိုစကားကိုကြားကြားခြင်း ထယ်ယောင်း ထခုန်မတက်ပင် ။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ချစ်တယ်ဆိုတဲ့စကားကိုကြားပြီးကထည်းက သိပ်ကိုပျော်မိပါသည် ။

" အပြာနုရောင် ~ တကယ်... တကယ်ပြောတာလားကွာ ။ ကိုယ့်ကို တကယ်အဖြေပေးနေတာလား ။ "

ထယ်ယောင်း ပျော်နေတာကြောင့် ဆက်၍ အဖြေပေးနေမိသည် ။ သူသိပ်ပျော်သည်လေ ။ သူအပျော်တွေများနေတာကြောင့် စကားတွေတောင် တုန်နေပါပြီလေ ။

" အော်... ကင်မ်ရယ်... ကျွန်တော်က နောက်ပုံပေါ်နေလို့လား ။ တော်ပါပြီ... ကျွန်တော်ချစ်တာကို ပြန်ရုတ်သိမ်းလိုက်ပြီ ဟွန့် ! "

အပြာနုရောင်က ကျွန်တော့်အားနောက်ရင်း အဖြေကိုပြန်ရုတ်သိမ်းတယ်ဆိုကာ ယုန်မျက်စောင်းလေးဖြင့် ကျွန်တော့်ရင်ထဲအေးခနဲ ဖြစ်သွားအောင် လုပ်ဆောင်လိုက်လေသည် ။

" ဟားး.. ကိုယ်ကပျော်သွားလို့ပါ အပြာနုရောင်ရယ်~ ကိုယ်သိပ်ပျော်တာ အပြာနုရောင်ရဲ့... ။ မင်းရဲ့ အချစ်တွေကို ကိုယ်မရနိုင်ဘူးတောင်ထင်နေတာ ။ ပျော်လိုက်တာ.. အပြာနုရောင်ရာ... "

ထိုသို့ထပ်မံဆိုရင်း ထယ်ယောင်းက အပြာနုရောင်လေးရဲ့ လက်သွယ်သွယ်လေးကို ဆုပ်ကိုင်ရင်း သူ့မှာ အပြာနုရောင်ကို ပျော်ကြောင်း တတွတ်တွတ်ဆိုလေသည် ။

" ဟွန့် ! မသိဘူးသွား ! ကျွန်တော်ပြန်ရုတ်သိမ်းမှာ ! ကင်မ်က ကျွန်တော့်ကိုစနောက်နေတယ်ပဲ ထင်တာကို ။ "

ဟောကြည့်ပါဦးဗျာ ။ သူ့ကို ကျွန်တော်က နောက်တယ်ထင်လို့ စိတ်ကောက်တဲ့ပုံလေးက သိပ်ကိုချစ်စရာကောင်းလိုက်တာဗျာ ။ ဘယ်လိုလုပ်ရမလဲ အပြာနုရောင် ။ ချစ်သူတွေဖြစ်သွားပြီဆိုတဲ့ အသိလေးနဲ့တောင် ကိုယ်ကပျော်နေတာ ၊ အခုလို ချစ်စရာကောင်းတဲ့ အပြုအမူလေးကိုတောင် တွေ့မြင်ရမယ်ဆိုတော့ ကိုယ်မင်းကို အပြင်တောင်ပေးမထွက်ပဲ သိမ်းထားမိတော့မယ်ထင်တယ် ။

" ဟောဗျာ... ကိုယ်မှားတယ် ဟုတ်ပြီလား ။ အပြာနုရောင်လေးချစ်တာကို ကိုယ်ယုံတယ် ။ ကိုယ့်ကိုလည်း ယုံကြည်ပေးပါဦး ။ အပြာနုရောင်လေးရေ... ။ ကင်မ်ထယ်ယောင်းဆိုတဲ့ ကိုယ်က ဂျွန်ဂျောင်ဂုဆိုတဲ့အပြာနုရောင်လေးကို သိပ်မြတ်နိုးပြီး ၊ သိပ်ချစ်တာဗျ ။ ပထမဆုံးတွေ့တဲ့ နေ့ကစပြီး ချစ်လွန်းလို့ အပြာနုရောင်ဆိုတဲ့ နာမည်လှလှလေးကို ကိုယ်တိုင်ခေါ်ပြီး နာမည်ပိုင်ရှင်လေးက ကိုယ့်ရဲ့အပိုင်လေးဖြစ်လာဖို့ လိုက်ရှာလိုက်ရတာ ။ အခုတော့... ကိုယ့်ရဲ့ ချစ်သူဖြစ်လာပြီပေါ့ဗျာ .... ပြွတ်စ် ! "

Still With You ( Completed )Where stories live. Discover now