EPISODE - 10

879 121 11
                                    

( Zawgyi )

မှန်အိမ်ထဲ စကားပြောနေကြသော ထိုသူနှစ်ဦးဟာ ယခုထက်ထိ ထွက်လို့မရသေးပါ ။ အကြောင်းကား မိုးဟာ ယခုထိသည်းထန်စွာရွာသွန်းနေတာကြောင့် ထယ်ယောင်းဟာ ချစ်ရသူနဲ့အတူ ၊ ချစ်ရသူမြတ်နိုး ပါသော မိုးစက်တွေကြား သူနဲ့အပြာနုရောင်ဟာ မှန်အိမ်ထဲမှထွက်ကာ မိုးစက်တွေကြား ပြေးနေကြသည် ။

မိုးစက်တွေကြား ပြေးလွှားဆော့ကစားနေတဲ့ အပြာနုရောင်ရဲ့ မြင်ကွင်းအားကြည့်ကာ သူနှစ်ချိုက်စွာပြုံးသည် ။ ထိုပုံလေးအား ကြည့်ရင်း သူပြုံးနေတာကို မည်သူမျှသိမည်မဟုတ် ။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကိုပျော်နေရသည်မို့ သူနှစ်ချိုက်စွာ ပြုံးနေခဲ့သည် ။

ဆော့ကစားနေတဲ့ အပြာနုရောင်ကိုမြင်လျှင် သူက ပိုင်ဆိုင်ချင်စိတ်တဖွားဖွားက ပေါ်လာလေသည် ။ သိုပေမဲ့ ရင်းနှီးစပဲရှိသေးတာကြောင့် အပြာနုရောင်က ကျွန်တော့်အား စိတ်ခုသွားမှာကို လွန်စွာစိုးရိမ်မိသည် ။ အပြာနုရောင်နဲ့ ကျွန်တော့်ကြား ထိုအရာကမလိုအပ်သေးပဲ မပေါ်ပေါက်စေချင်သေးပါလေ ။ ကျွန်တော်ကသာ အပြာနုရောင်အကြောင်းကို တွေးပြီးစိတ်ပူနေတာ ။ သို့ပေမဲ့ ကျွန်တော့်အပြာနုရောင်လေးက အေးချမ်းနေရော ။

အပြာနုရောင်ဟာ အေးချမ်းသည် ။ သူ့ကိုမြင်တိုင်း အလိုလိုပြုံးချင်စိတ်တွေဟာ ပေါ်ပေါက်လာလေ သည် ။ မြင်သူအဖို့ကို စွဲလမ်း၍ပြုံးနိုင်အောင် လှုံ့ဆော်နိုင်တဲ့ အပြာနုရောင်လူသားလေး ။ အပြာနုရောင်ဆိုတဲ့ အရောင်လေးဟာ သူနှင့်လိုက်ဖက်ပါသည် ။ စတွေ့ကထည်းက အပြာနုရောင် ၊ တနည်းပြောရင် အရောင်နုသော အပြာရောင်လေး ၊ နောက်တစ်နည်းဖြင့်ကြည့်ရင်တော့ လူတိုင်းကြိုက် နှစ်သက်လှချည်ရဲ့ဖြစ်တဲ့ ကောင်းကင်ရောင်လေးပင် ဖြစ်သည် ။ အပြာနုရောင်ကို တွေ့လိုက်တိုင်း ဆွယ်တာလေးတွေကို မတူအောင်အရောင်ကွဲလွဲစွာ ဝတ်ဆင်သည် ။ နို့နှစ်ရောင်အသားအရည်ဖြူဖြူဥဥ ၊ နုဖက်နေသော လက်ဖြူဖြူလေးများ ၊ ဘယ်ဘက်လက်ရှိ အနီရောင်ချည်သားလက်ပတ်လေးကကြောင့် လက်ဖြူဖြူလေးဟာ ဖွေးဥတောက်ပနေလေသည် ။
တစ်နည်းခေါ်ဆိုရရင် သိပ်ကိုလှပတဲ့ အပြာနုရောင်ငယ်လေးပေါ့ ။

Still With You ( Completed )Where stories live. Discover now