EPISODE - 18

822 110 9
                                    

( Zawgyi )

" Bossအခုဘယ်သွားမှာလဲ ? "

အပြာနုရောင်ကို အိမ်လိုက်ပို့ပြီးအပြန်ဆူဟွန်းက ကျွန်တော့်အား စကားစလေသည် ။

" ငါအခု အဖွားရှိသွားမလို့ ။ ပြီးတော့ မနက်ဖြန်ကိစ္စအတွက် ငါညကထည်းက သွားပြောထားမိလို့လေ ။ မနက်ကျ ငါမအားတာသိရဲ့နဲ့ မင်းလည်း ! "

ထယ်ယောင်းစကားကြောင့် ဆူဟွန်းခေါင်းခါမိသည် ။ ဒီBossနှယ် အကိုဂျောင်ဂုနဲ့ရည်းစားဖြစ်ပြီးမှ အနည်းငယ် ဂေါက်သွားလားမသိ ။ 9နာရီကျော်နေပြီကို လူကြီးတွေကဒီအချိန်ထိ နေမှာလားလို့ ။

" အယ် Bossရာ ! ဒီလိုရှိတယ်... အခုချိန် Bossသွားရင် အဖွားကင်မ်က .... "

" ငါ့မိဘတွေရော ၊ အဖွားရောက ဒီအချိန် မအိပ်သေးဘူးဆိုတာ မင်းမေ့နေတာလား ? အဖွားရယ် ၊ မာမီရယ်က အမြဲလိုလို ဇာတ်လမ်းကြည့်တယ် ။ ဒယ်ဒီကအမြဲ ဒီအချိန် စာဖတ်တယ်ဆိုတာလေ "

ထိုအခါမှ ဆူဟွန်းလည်း သူမှားမှန်းသိတာကြောင့် ရယ်ကျဲကျဲ လုပ်ပြလေသည် ။

" ဟီးဟီး... တောင်းပန်ပါတယ် Bossရယ် ။ ကျွန်တော်လည်း ယောင်သွားလို့ပါဗျာ ! "

" ရတယ် ! အခုတော့ အဖွားအိမ်ကိုသာမောင်းတော့ ငါလည်း မနက်ကိစ္စအတွက် အကောင်အထည်ဖော်ဖို့ အဖွားကို သေချာပြောပြရမှာ ။ ဒါမှ အဆင်မပြေရင် ငါ အပြာနုရောင်ကို ခိုးပြေးမယ်လို့ ဆုံးဖြတ်ထားတယ် "

ထယ်ယောင်းစကားကြောင့် ဆူဟွန်း ထပ်မံ၍ မျက်မှောင်ကြုံ့ရပြန်ပါသည် ။ အဘယ်ကြောင့်ဆို သူပြောလိုက်တဲ့ စကားကို ယဉ်ကျေး ၊ အေးဆေး ၊ ရိုသေ ၊ ကျိုးနွံစွာနေတက်တဲ့ အကိုဂျောင်ဂုက လက်ခံမှာ မဟုတ်ဘူးလေ ။

" ဒီBossနဲ့ ခက်တယ် ။ ဒီလိုလုပ် ! Bossက လူပျိုကြီးလုပ်တော့ ! ကျွန်တော်က Bossရဲ့ အပြာနုရောင်ကို လက်ထပ်လိုက်တော့မယ် ! ဘာလို့ဆို ကျွန်တော်နဲ့အပြာနုရောင်လေးက အသွင်တူတော့ အဆင်ပြေမယ်...ထင်...အ့ ! "

တိန် !

ထိုအသံဟာ အနောက်ခန်းရှိ ကင်မ်ထံမှ
ပြစ်လိုက်လေတဲ့ အမွှေးဗူးရဲ့အသံပင် ။ ဘာလို့ဆို သူ၏ အချစ်တော်လေးကိုမှ ဆူဟွန်းကသွားထိမိသကဲ့ကို ။

Still With You ( Completed )Where stories live. Discover now