EPISODE - 11

816 122 8
                                    

( Zawgyi )

လေးရက်ရှိပြီ ။ အင်း ကျွန်တော့်အပြာနုရောင်ကို မတွေ့ရတာ လေးရက်ရှိပြီ ။ သူ ကျွန်တော့်ကို ရှောင်နေတာထင်တယ် ။ အဲ့လိုမှန်းသိခဲ့ရင်တောင် ကျွန်တော်အပြာနုရောင်ရဲ့ နှုတ်ခမ်းကိုနမ်းမိခဲ့မယ် မထင်ဘူး ။ ထိုနေ့ကဆို ကျွန်တော်နမ်းလို့ မိုးရွာထဲ ရှက်ပြီး အပြင်ကိုပြေးထွက်သွားလေတာ အိမ်ကိုတောင် ဆူဟွန်းနဲ့သာပို့ခိုင်းလိုက်ရတဲ့ အဖြစ်ပါလေ ။  ကျွန်တော် ရင်တွေနာလွန်းလို့ဗျာ ။ အပြာနုရောင်ကိုမတွေ့ရရင် ရူးတော့မယ် ။

ကျွန်တော် တောင်းပန်ဖို့ဖုန်းဆက်တာကိုမကိုင် ။ ကျောင်းလိုက်သွားတော့လည်း ကောင်လေးတွေနဲ့ စကားအမှာကြားလိုက်တာတွေပဲရှိတယ် ။ ' ဆရာက မအားလို့ ' ၊ ' ဆရာက အစည်းအဝေးတက်နေရလို့ ' ထိုအကြောင်းပြချက်တွေဖြင့်သာ ကျွန်တော်ရင်ထဲ ခံလိုက်ခဲ့ရတာ ။ အိမ်လိုက်ကြည့်တော့လည်း တွေ့ဆုံတယ်ကိုမရှိပါ ။ ဖုန်းဆက်ပြန်တော့လည်း လူကြီးမင်းနဲ့ပဲတိုးလေတယ် ။ ဒီလိုနဲ့ စိတ်ပျက်စွာ အပြာနုရောင်ကို မမြင်တွေ့ရပဲ ဖြတ်သန်းနေတာ လေးရက်ပင် ရှိလေပြီ ။

မတွေ့ရတဲ့လေးရက်အတွင်း မိုးဟာအမြဲရွာလေသည် ။ တစ်ခါတစ်လေ အညိုးကြီးစွာဖြင့် ရွာချနေသယောင်ပင်ရှိလေတော့ စိုးရိမ်စိတ်တို့က တဖွားဖွား ။ အပြာနုရောင်များ မိုးမိမလားလို့ တွေးနေရတာ ။ တစ်ခါတစ်ခါ အဖွားကလည်း ဟိုနေ့ကအပြာနုရောင်ကို အိမ်ခေါ်လာတဲ့ ကိစ္စကိုကျေသေးပုံမပေါ်ပါ ။ မေးနေတာလည်း စုံလို့ပင် ။ မြန်မြန်အချစ်ကိုရယူပြီး ရှေ့မှောက်ခေါ်လာမယ်ဆိုကာမှ အပြာနုရောင်နဲ့ကျွန်တော့်တို့ဆက်ဆံရေးက တိတ်ဆိတ်သွားလေပြီ ။

" ဟင်းးးး "

သက်ပြင်းရှည်ကြီးချလျက် သူအတော့်ကို စိတ်ညစ်နေလေသည် ။ သည်နေ့တော့ အပြာနုရောင်ကို မနည်းတွေ့ရအောင် ကြိုးစားပါမည်လေ ။

" Boss ! အဆင်ပြေရဲ့လား ! မနေ့က တော်တော် သောက်ထားတာဆိုတော့ ဒီနေ့တော့ Companyမလာပါနဲ့လား ။ ကျွန်တော်ပဲ အားလုံးကို အဆင်ပြေအောင် လုပ်ထားပါ့မယ် ။ "

ဆူဟွန်းလည်း စိတ်မကောင်းပါ ။ သူ့Bossက အပြာနုရောင်ကို သိပ်ချစ်တာ ။ မြင်မြင်ချင်းအချစ်က သူ့အတွက်တွေ့ခဲ့ရတာ သိပ်ဆန်းကျယ်သည်မို့ သူ့အပြာနုရောင်ကို လက်လွှတ်မခံနိုင်လောက်အောင် သူသိပ်စိုးရိမ်နေတာ ။ ယခုလည်းကြည့်လေ သူ့အပြာနုရောင်ကိုမတွေ့လို့ ရင်တွေပူနေတာ ။ ညကလည်း သောက်လိုက်တာ အများကြီးမို့ သည်ကနေ့ မနက်ခေါင်းတွေကိုက်နေပြီဖြစ်သည် ။

Still With You ( Completed )Where stories live. Discover now