EPISODE - 12

849 115 11
                                    

( Zawgyi )

သူ့ဘက်က ဖွင့်ပြောနေပေမဲ့ အပြာနုရောင်ဟာ ထိုစကားကြောင့် ခေါင်းတောင်ဖော်မလာတော့ပါ ။ ဒါကြောင့်ပင် ထယ်ယောင်းလည်း အပြာနုရောင်လက်လေးကို အပေါ်မှထပ်ပြီးအုပ်ကိုင်လေတော့ အပြာနုရောင်ဟာ
သူ့ကို တဖန်ပြန်ကြည့်လာလေသည် ။

ဟာဗျာ... လှရက်လိုက်တဲ့ မျက်ဝန်းညိုညိုလေး ။ နူးညံ့လေတဲ့ လက်ဖဝါးနွေးနွေးနုနုလေး ။ မျက်ဝန်းဝိုင်းဝိုင်းလေးရယ် ၊ နှုတ်ခမ်းအောက်က မှဲ့နက်လေးက ထပ်မံ၍ ကျွန်တော့်အားဆွဲဆောင် နေပါသည် ။ ဒါကြောင့်ပင် ကျွန်တော့်ရင်ထဲ နွေးထွေးရိပ်လေးတစ်ခုဖြတ်သန်းသွားသည် ။

" အပြာနုရောင်.... အင်းးး အဲ့နာမည်က ကိုယ်မင်းကို သဘောကျလို့... ခေါ်ခဲ့တာ ။ စတွေ့တဲ့နေ့က မင်းကို ကိုယ်ကပဲ အရင်တွေ့ခဲ့တာ... အပြာနုရောင်ကတော့ ကိုယ့်ကိုတွေ့မှာမဟုတ်ဘူးလေ... အင်းး.. အပြာနုရောင် Hoodieလေး ၊ အပြာနုရောင်ဂျင်းဘောင်းဘီလေး ၊ ထီးအကြည်ရောင်လေးရယ် ၊ အပြာနုရောင် sneakerလေးစီးထားတဲ့ မင်းကိုကိုယ်မြင်မြင်ချင်း ချစ်မိသွားတာလေ ။ သိပ်ကိုချစ်စရာကောင်းနေရာ "

" ကျွန်တော့်ကို အဲ့ကထည်းက သိနေတာပေါ့... ဒါကြောင့် အမြဲတွေ့နေတာကို... တစ်ခါကားမှတ်တို်င်မှာ စောင့်နေတာကို ကင်မ်က ဘေးနားလာထိုင်တော့ ကင်မ့်ကိုမမှတ်မိပေမဲ့ ကျွန်တော့်ကိုကြည့်နေလို့ ပြုံးပြလိုက်တာရယ်... "

" ဒါကြောင့် ကိုယ်အပြာနုရောင်ကြောင့် နှလုံးရောဂါ ရသွားခဲ့တာပေါ့ကွာ... ဒါကြောင့် တာဝန်ယူပေးဖို့ အပြာနုရောင်ကို ကိုယ်ပတ်ရှာနေခဲ့တာ.... အခုတော့ အပြာနုရောင်က ဒီကကင်မ်ထယ်ယောင်းရဲ့ နှလုံးသားကို တာဝန်ယူပေးဖို့စဉ်းစားတော့ဗျာ... "

ထိုစကားကြောင့် အပြာနုရောင်ဟာ တဖန်အပြုံးလေးထုတ်ရယ်ပြလေသည် ။

" ကျွန်တော့်ဘက်က ဘာပြောရမှန်းတောင် မသိတော့ပါဘူးရယ်... ဒါပေမဲ့ ကျွန်တော်... "

" ကိုယ့်ကို အပြာနုရောင်က တကယ်ပြန်မချစ်နိုင်ဘူးလား... ဒါမှမဟုတ်... အပြာနုရောင်မှာ သက်ဆိုင်သူရှိနေတာလား.. "

အပြာနုရောင်ရဲ့ နှုတ်ကထွက်ကျလာတဲ့ စကားကြောင့် ထယ်ယောင်းအနည်းငယ်စိတ်ပူဟန် ရှိနေတာကြောင့် သူသာပြန်မချစ်ရင် ကျွန်တော် တကယ်ရူးပါမည်လေ ။ ကျွန်တော့်ရဲ့ဆောင်ပုဒ်တစ်ခုရှိသေးသည် ။
' ကင်မ်ထယ်ယောင်းအသက် အပြာနုရောင် ' ပါလေ ။ ဒါကြောင့်မို့ သူသာငြင်းရင် ကျွန်တော်ရူးရပါမည် ။

Still With You ( Completed )Where stories live. Discover now