EPISODE - 9

848 114 57
                                    

( Zawgyi )

" ဒါဆို...Bossနဲ့သူက တော်တော် အဆင်ပြေလာတယ်ပေါ့.. ။ မထင်ရဘူးပဲ ! Boss...အချစ်ရေးမှာတုံးတယ်ထင်ခဲ့တာ..  အခုတော့...ဝေါင်း !! လေးစားပါတယ်ဗျာ "

ပြန်ရောက်ကထည်းက သူ့ ' အပြာနုရောင် ' လေးနဲ့ အဆင်ပြေကြောင်းပြောခဲ့တာလည်း မနည်းပါ ။ ဒါကတော့ Companyလာမှ ကြားရတာပါလေ ။ မနေ့က Shopping Mallပို့ပေးလိုက်ရင်း သူတို့Romanticဆန်ခဲ့တဲ့အကြောင်းကို နားညီးအောင် ပြောနေတာကြောင့် သူလည်း Boss အဆင်ပြေနေတာကို သိတော့ဝမ်းသာရပါသည် ။

" ဒီနေ့ ငါအိမ်ကို အကုန်မှာခဲ့တယ်.. သူလာရင် အဆင်သင့် ထမင်းစားရအောင်လို့... ပြီးတော့ မင်း ကအိမ်အရင်ပြန် ! ကျန်တာအကုန်စီစဉ်ထား ! ငါလည်း မလစ်ဟင်းအောင် အားလုံးမှာခဲ့ပေမဲ့ မင်းရှိနေပေးတော့ အရာအားလုံးအဆင်ပြေတာပေါ့ ဆူဟွန်းရာ ! "

" ဟုတ်ပါပြီ Boss.. ကျွန်တော်မလစ်ဟင်းအောင် ပြန်စီစဉ်ဖို့ အိမ်ပြန်လိုက်ပါ့မယ်... ဒါနဲ့bossက ကိုယ်တိုင်သွားခေါ်မှာဆိုတော့ ကားတစ်စီးပြန်ပို့ခိုင်း လိုက်မယ်နော်... "

" အေး.. ငါလိုချင်တာ အဲ့လိုမျိုး.. ဒါနဲ့ စကားမဆက် အဲ့နေ့ကလေ..အဟမ်း..ငါ' အပြာနုရောင် ' လက်လေးကိုထိလိုက်တယ်... နူးညံ့နေရောပဲကွာ.. "

" Wait ! သူကဘာလုပ်နေလို့ ! Bossကကိုင်ရတာ လည်း ! "

ဆူဟွန်းအမေးကြောင့် ထယ်ယောင်းမျက်နှာဟာ နှစ်ချိုက်စွာပြုံးရင်း ဖြေလေသည် ။ ထယ်ယောင်း အဖြေကြောင့် မျက်မှောင်ကုပ်သွားတဲ့ ဆူဟွန်း ။

အော်... အဖြေက... ' မိုးရေထဲလက်ခံဆော့နေလို့ ငါ့အင်္ကျီနဲ့ သုတ်ဖို့ဆိုရင်း ဆွဲယူမိတာတဲ့လေ '

" ပိုကိုပိုလွန်းပါတယ်..Bossရာ "

ထင်ထားတဲ့အတိုင်းပါပဲ ။ အဖြေက တကယ့်ကို ထွက်လာပါတော့သည် ။ ဆူဟွန်းသာတွေ့ရင်ထက် ဒီတိုင်းမတွေ့ရပဲ ပြောပြတာကို သူ့ရဲ့အဖြေကလည်း ' ပိုကိုပိုလိုက်တာ ' ဟုသာ ထွက်လာပါသည် ။

" ကဲ...ဆူဟွန်း ! မင်းအချိန်ကိုလေးစားရင် အခုချက်ချင်းပြန် ! ပြီးရင်...အားလုံးကို သေချာမှာ မဟုတ်ရင် ! မင်းတော့ ငါ့လက်နဲ့သေပြီသာမှတ် ! "

Still With You ( Completed )Where stories live. Discover now