EPISODE - 6

866 117 51
                                    

( Zawgyi )

" ဟက်ချိုး ! "

တစ်နေ့က မိုးရေထဲ တစ်ခါမှမနေဖူးတဲ့ Bossဟာ ယခုတော့ ဖျားနေပြီဖြစ်သည် ။ ရောက်ရောက်ချင်း နေ့ကဆို အပြာနုရောင်နဲ့ ပျော်ခဲ့တာတွေကို သူ့မှာ ပြောလို့မဆုံး ။ ရေစိုနေတဲ့အဝတ်နဲ့တောင်ဆိုဖာ၌ ထိုင်ကာ ကျွန်တော့်ကို ပြောပြနေသည့် Bossဟာ ယခုတော့ အအေးမိပြီး ဖျားနေပါသည် ။ ဒီတော့ တပည့်ဖြစ်သူ ကျွန်တော်ကပဲ အနီးကပ် ပြုစုနေရပါသည် ။ ဒါတောင် ကျွန်တော့်ကို ကြားထဲ ဆူငေါက်သေးပါသည် ။ သူ့အပြာနုရောင်သာဆို ငါ့ကို သေချာဂရုစိုက်ပေးမှာတဲ့လေ ။

" Boss ကိုပြောသားပဲ ၊ မိုးရေထဲ သွားမဆော့ပါနဲ့ဆို အခုတော့ ဖြစ်ပြီမလား "

" မင်းမသိပဲ..ရွတ်...ဟက်..ဟက်ချိုး ! မပြောနဲ့ "

" အခုကြည့်လေဗျာ Bossရာ ! ဖျားပြီးမလား ! ကျွန်တော့်က ကိုယ့်Bossကို သနားလို့ ! ပြီးတော့ bossကလည်း ကိုယ်တိုင် နေကောင်းသေးတာ မဟုတ်ဘူး ! ဒါတောင်အခုလက်မလျှော့ပဲ ပြောနေ သေးတယ်ပေါ့ "

" ဆူဟွန်း ! မင်းတိတ်တိတ်နေကွာ ! အခုငါပြောတာ ကို ရှာပေး မဟုတ်လို့ကတော့ မင်းကို Bonusတွေပါ မပေးဘူး ! လိုချင်တယ်မလား! အဲ့မူကြိုကျောင်းကို စုံစမ်းလာခဲ့ I need Right now မြန်မြန်သွား "

" ဟုတ်ပါပြီ "

ဆူဟွန်းလည်း ပြောမရတဲ့သူ့Bossကြောင့် လက်လျှော့လိုက်လေပြီ ။ အပြာနုရောင်ကိုမှ မရရင် သူ့မှာသေတော့မှာတဲ့ ။ တော်တော့်ကိုရောဂါစွဲနေတာ နေမကောင်းခဲ့ရင်တောင် ပျောက်ရင် အပြာနုရောင် ဆိုတဲ့ အားဆေးနဲ့မှ သူပျောက်မှာတဲ့ ။

" ဆူဟွန်း ! "

" ဗျ "

" အဲ့နေ့ကလေ အပြာနုရောင်က မိုးရေထဲမှာ သိပ်လှ တာပဲကွ ! ပြီးတော့လေ သူရဲ့ ခါးသွယ်သွယ်လေးကို ငါဖက်ခွင့်ရလိုက်တယ် ၊ အဲ့ဒါကလည်း ကလေးတွေ နဲ့ ဆော့နေရင်း လိုက်ဖမ်းတမ်းဆော့ရင်း မိလို့ ဖက် လိုက်မိတာလေ ၊ သူသိပ်ရှက်နေတာကွာ ဟား.. "

သူ့အပြာနုရောင်ရဲ့ အကြောင်းကို အလင်္ကာဖွင့်ဆို နေလိုက်တာများ အမြင်ကပ်ချင်စရာပါ ။ ဒီထက်ဆိုး သည့်အရာကတော့ ရရာအချိန်ကို ဖမ်းဆွဲပါဆိုတာ ကို အားနာလို့ဆိုရင်း စကားမပြောခဲ့တာ ။ ဘယ်လောက်တောင် ညံ့လိုက်ပါလိမ့် ။ ကိုယ်သာ သူ့နေရာဆို အပြာနုရောင်နဲ့ သိနေလောက်ပြီ ။

Still With You ( Completed )Where stories live. Discover now