EPISODE - 17

830 110 17
                                    

( Zawgyi )

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်
ကောင်းကင်ကြီးဟာ အုံ့မှိုင်းနေရင်းကနေ ယခုအချိန်ဟာ ညအချိန်နားကပ်နေတာကြောင့် ကောင်းကင်ကြီးဟာ အမှောင်အတိဖြစ်သွားလေပြီ ။
အချိန်အားဖြင့် ၇နာရီခွဲနောက်ပိုင်းဖြစ်လေပြီး မိသားစုအချို့နဲ့ ၊ စုံတွဲအများကြီး လမ်းလျှောက်လည်နေတာကြောင့် ထယ်ယောင်းတို့လည်း ထိုခုံလေး၌ထိုင်နေရင်း ချိန်းတွေ့နေတာ ကြာမြင့်လေပြီ ။

ကျွန်တော့်ဘေးရှိ အပြာနုရောင်ကို လှမ်းကြည့်လေတော့ အပြာနုရောင်လေးဟာ ရှေ့ရှိ မိသားစုမှ ကလေးကိုအလယ်မှာလက်တွဲရင်း မိဘနှစ်ပါးနှင့်အတူ စုံတွဲအင်္ကျီလေးဝတ်ဆင်ကာ ကြည်နူးဖွယ်ကောင်းတဲ့မြင်ကွင်းလေးကို ငေးမောနေမိတဲ့ အပြာနုရောင်ပါလေ ။ ကြည့်နေရင်း ကျွန်တော့်အား အဖော်ခေါ်နေပြန်တဲ့ အပြာနုရောင် ။

" ကင်မ်~ ဟိုမိသားစုလေးတွေကိုကြည့်ပါဦး ။ သိပ်ကြည်နူးစရာကောင်းတာပဲ ။ ကျွန်တော်ဖြင့် သူတို့အစားကြည့်ရင်း ရင်ထဲကြည်နူးနေရောပဲနော် "

" ကိုယ်ရောပါပဲဗျာ...ဒါဖြင့် ကိုယ့်အပြာနုရောင်က အားကျနေတာလား ။ "

ကျွန်တော်က ရယ်ကျဲကျဲမေးလေတော့ အပြာနုရောင်ရဲ့ အဖြေကိုသဘောကျမိပါသည် ။

" အားကျသလို... ကြည်နူးစရာကောင်းတယ် ကင်မ်ရဲ့... ကြည့်ပါလား... အမြဲ ကျွန်တော်စိတ်ကူးယဉ်ခဲ့ရတဲ့ မိသားစုဘဝမျိုးလေးလေ ။ ကျွန်တော့်တုန်းက ဒီလိုလေးတွေ မိသားစုနဲ့အတူမဖြတ်သန်းနိုင်ပေမဲ့ အရမ်းအားငယ်နေခဲ့တာလေ ။ "

အပြာနုရောင်စကားလေးကိုကြားမိလေတော့ ထယ်ယောင်းစိတ်မကောင်းဖြစ်မိတာကြောင့် အပြာနုရောင်ရဲ့ လက်ဖြူဖြူလေးကိုကိုင်ရင်း စကားဆိုလေသည် ။

" အားမငယ်နဲ့တော့နော်... ကိုယ်တို့အလှည့်ကျ ဒီလိုပျှော်ရွှင်နိုင်ဖို့ ကြိုးစားကြမယ်ဗျာ ။ ဟုတ်ပြီလား... အပြာနုရောင်လေး စိတ်မကောင်းဖြစ်ရင် ကိုယ့်ရင်ထဲ မနေတက်ဘူးကွာ... "

" ဟွန့် ! ကင်မ်ကတော့ ကျွန်တော့်ကိုချွဲနေသလိုပဲ "

" ကိုယ့်မှာချွဲစရာဆိုလို့ ဒီကအပြာနုရောင်လေးပဲ ရှိတာကို ။ ငြိုငြင်တာလား.. ကိုယ့်အပြာနုရောင်က သိပ်ကိုကွာ ဟောဗျာ...အဲ့ပုံလေးလုပ်နေပြန်ပြီ ။ " 

Still With You ( Completed )Where stories live. Discover now