EPISODE - 15

840 113 17
                                    

( Zawgyi )

သည်လိုနဲ့ အပြာနုရောင်နဲ့ကျွန်တော် အိမ်ထဲသို့ ဝင်လာခဲ့ကြသည် ။ အပြာနုရောင်ရဲ့တိုက်လေးက မိုးမျှော်အခန်းလေးဖြစ်တာကြောင့် သိပ်ကိုလှလေသည် ။ ယခုလောလောဆယ်တော့ မိုးရွာနေတာကြောင့် အပြင်ဘက်ရှိ ကွမ်ပျစ်လေးဟာတော့ မိုးရေစိုစမြဲ ။

အိမ်ထဲဝင်လိုက်လေတော့ ရနံ့သင်းသင်းလေးဖြစ်တဲ့ ဆာကူရာ ရနံ့လေးကိုရလိုက်တာကြောင့် ကျွန်တော်ပြုံးမိသည် ။ ပြီးတော့လည်း အပြာနုရောင်ရဲ့ အိမ်အတွင်းမှာလည်း မစ္စည်းများဟာ သပ်သပ်ရပ်ရပ်ဖြစ်နေတာကြောင့် ကျွန်တော့်အထင် အပြာနုရောင်ဟာ အသန့်ကြိုက်တယ်ဖြစ်သည်ဟု ကောက်ချက်ချမိသည် ။

" ကင်မ်~ ထိုင်နှင့်နော် ။ ကျွန်တော် ကင်မ့်အတွက် ကော်ဖီဖျော်ခဲ့ပါမယ် ။ သက်တောင့်သက်သာနေပါနော်... ။ "

ထို့သို့ဆိုကာ ထမင်းစားခန်းထဲရောက်သွားတဲ့ အပြာနုရောင်ပါလေ ။

မကြာပါ ကျွန်တော့်အနား ကော်ဖီနှစ်ခွက်နဲ့ရောက်လာတဲ့ အပြာနုရောင် ။ ကော်ဖီကိုကြည့်တာနဲ့ အငွေ့တစ်ထောင်းထောင်းနဲ့မို့ အပြာနုရောင် ပူမည်ဆိုးတာကြောင့် သူ့လက်ကနေ ပြန်ယူလိုက်လေသည် ။

" ကျေးဇူးပါ ကင်မ်... "

" ရပါတယ်ဗျာ... အပူထိသွားသေးလား ။ "

ထယ်ယောင်းက စိတ်ပူဟန် လက်လေးအား ကြည့်နေလေသည် ။

" ရပါတယ်ဗျာ ... ဘာမှမဖြစ်တော့ဘူး ကင်မ်ရဲ့ ။ ကင်မ်မိုးစိုထားတယ်ထင်တယ်... ဘောင်းဘီကစိုနေရော... ခဏစောင့်နော် ဟိုတစ်ခါ ကျွန်တော့်ထက်နည်းနည်းကြီးတဲ့ ဘောင်းဘီပွပွတစ်ထည်ရှိတယ် ဝတ်ထားလိုက်လေ "

" ရပါတယ်... ကိုယ်မစိုပါဘူး ။ "

ကော်ဖီတစ်ငုံသောက်ရင်း ပြန်ဖြေလိုက်သည် ။

" ဒါဆိုလည်း ခဏစောင့်နော် ။ ကင်မ့်ရဲ့ LongCoatရှိသေးတယ် အဲ့ဒါဝတ်ထားနော် နွေးနေအောင်လို့ ။ "

ပြန်ဖြေချိန်တောင်မရလိုက်ပါ ။ ချက်ချင်းကို အခန်းထဲဝင်ကာ ကျွန်တော့်Longcoatလေးကို ယူကာ ကျွန်တော့်ထံကမ်းပေးလာလေသည် ။

Still With You ( Completed )Where stories live. Discover now