EPISODE - 21 ( FINAL )

2K 120 47
                                    

( Zawgyi )

ကျွန်တော်နဲ့အပြာနုရောင်ရဲ့ ချစ်သူသက်တမ်းဟာ တစ်လပြည့်လေပြီ ။ တကယ်တော့ လက်ထပ်ပွဲဟာ ဒီကြားထဲဖြစ်ပေမဲ့ အပြာနုရောင်နဲ့ကျွန်တော်ဟာ ချစ်သူဘဝလေးနဲ့ဖြတ်သန်းချင်သေးတာကြောင့် ချော့ပြောကာ အချိန်ဆွဲထားရသေးသည် ။ အဖွားကလည်း ကျွန်တော်တို့သဘောဟု ဆိုသည်ကြောင့် အဆင်ပြေစွာရပ်ထားရသည် ။

ထိုတစ်လအတွင်း အပြာနုရောင်နဲ့ကျွန်တော့် အခြေအနေဟာ သိပ်ကိုချစ်ကြသည် ။ တစ်ခါတစ်လေ ကျွန်တော့်ဘက်က သဝန်တိုတာများရင် အပြာနုရောင်က မငြီးငြူပဲ ချော့လေ့ရှိသလို ကျွန်တော့်ဘက်ကလည်း စိတ်ဆိုးမိစေရင်တောင် အပြာနုရောင်ကို ချော့သေးသည် ။ ထို့ကြောင့်ပင် ကျွန်တော်နဲ့သူ၏ ဆက်ဆံရေးလေးဟာ ပျော်စရာကောင်းတဲ့ ချစ်သူသက်တမ်းတစ်လပြည့်မှာပင် ပိုပြီးပျော်ရမှာဖြစ်သည် ။

တကယ်တော့ သည်နေ့ဟာ ချစ်သူသက်တမ်းမပြည့်သေးပါ ။ ဘာလို့ဆို မနက်ဖြန်ညကျရင်တော့ အပြာနုရောင်ရဲ့ မွေးနေ့နဲ့အတူ ကျွန်တော်တို့ရဲ့ချစ်သူသက်တမ်း တစ်လပြည့်လေးပင်ဖြစ်လေသည် ။ ဒါကြောင့်ပင် ဒီနေ့အပြာနုရောင်မသိအောင် ဘူဆန်သို့ခဏလာကာ အိမ်တစ်ခုဝယ်ယူထားသည် ။ ဒါကိုတော့ အပြာနုရောင်မသိသေးပါ ။ ထိုအိမ်ဟာ ကမ်းခြေနဲ့နီးတာကြောင့် အဆင်ပြေစေသည် ။

" ကိုယ့်ရဲ့ အပြာနုရောင်လေး အဆင်သင့်ဖြစ်ပြီလား ? ကိုယ်ကတော့ အားလုံးပြင်ပြီးပြီရယ် "

" အော်...ကင်မ်ရယ် ဒီမှာအိတ်တွေနဲ့ကို ဝိုင်းကူသယ်ပေးမယ်မရှိဘူး ။ အော်နေလိုက်တာများ ထုချင်စရာပဲနော်.... "

အပြာနုရောင်ကထိုသို့ဆိုတော့ ကျွန်တော်ရယ်မိသည် ။ တကယ်တော့ အပြာနုရောင်နဲ့ကျွန်တော်က ဒီတောအတွင်း အတူနေဖြစ်ကြသည် ။ ဘာလို့ဆိုလက်ထပ်တော့မဲ့ သူတွေလေ ။ ဒါကြောင့်မို့ အပြာနုရောင်ကိုအိမ်မှာသာ နေခိုင်းသည် ။ တကယ်ဆိုစာတောင်မသင်စေချင်ပါဘူး ။ ဒါပေမဲ့ အပြာနုရောင်ရဲ့ဝါသနာက ဖျောက်မရတာကြောင့် ဖြစ်ချင်တာကိုပေးလုပ်ထားရသည် ။ ယခုလည်း ကျွန်တော်က အံ့ဩပျော်ရွှင်စရာ လုပ်ပေးမို့သူ့ကိုတစ်ရက်လောက် အလုပ်တွေဖိပေးထားတော့ သူ့မွေးနေ့ကမနက်ဖြန် ဆိုတာမေ့နေလေပါ ။ ဒါပဲကောင်းပါတယ် ။ ဘာလို့ဆို မွေးနေ့ဆိုတာသိနေပြီး surpriseမဖြစ်တော့မှာဆိုးသည် ။

Still With You ( Completed )Where stories live. Discover now