EPISPDE - 4

947 130 36
                                    

( Zawgyi )

သည်ကနေ့ ရာသီဥတုဟာ အလွန်သာယာနေသည် ။ မိုးမရွာတော့ ကျွန်တော့်စိတ်ထဲ ခြောက်ကပ်နေ သည် ။ မိုးသာမရွာတာ ပတ်ဝန်းကျင်ကတော့ စိုထိုင်းနေဆဲပါ ။ အကြောင်းကား Companyလာ ရင်း မိုးရွာမည့်အနေအထားလားဟု ကြည့်ရင်းကနေ ပတ်ဝန်းကျင်ကို လေ့လာခဲ့တာ ဖြစ်သည် ။ သို့ပေမဲ့ Companyရောက်တော့လည်း စာရင်းတွေ ၊ ဖိုင်တွဲ တွေအား သေချာစစ်နေပါသော်လည်း စိတ်ထဲတော့ မရောက်ခဲ့ပါ ။ ဖြစ်နိုင်ရင် အလုပ်တွေကို ခဏနားပြီး  ဆိုလ်းမြို့အနှံ့ လိုက်ပတ်၍ ရှာထားပါသည် ။

ချပ် !

" Boss ခေါ်တယ်ဆိုလို့ပါ "

" ဒီနေ့ အစည်းအဝေးတက်စရာရှိသေးလား ? ရှိသေးရင် ငါ့ကို အကုန်တင်ပြထားပေး "

" တော်ရုံတော့ မရှိပါဘူးဆရာ ၊ နောက်တစ်ပတ်ကျ အစည်းအဝေးတစ်ခုရှိပါတယ် ။ ဒါ့အပြင် အဖွားက Bossကို သန်ဘက်ခါ မိဘမဲ့ဂေဟာခေါ်သွားမယ် ပြောထားပါတယ်ဗျ "

" ကျစ် ! ဒီမှာတောင် အပြာနုရောင်ကိုတောင် မတွေ့ရသေးတာကိုကွာ အတင်းတွေစီစဉ်နေတယ် "

" Boss စိတ်ညစ်ပြေအောင် Companyနားက Cafe ဆိုင်ဝင်နေပါလား ။ အေးချမ်းတာပေါ့ "

သူ၏တပည့်ဟာ တကယ့်ကိုအလိုက်သိသူဖြစ် ကြောင်း ပြန်နေဟန်ပင် ။ Bossဘာဖြစ်ချင်တာအစ ဘယ်ကိုလှမ်းချင်နေလဲဆိုတာအစ သူသိသည် ။

" အင်း ခဏနေကျ ငါသွားလိုက်မယ် ၊ အပြာနုရောင် လေးကိုလည်း တွေ့လာရင်ကောင်းမှာပဲ ။ ဟိုနေ့ကပဲ တွေ့ရတာ ။ မနေ့ကတောင် ငါတို့တွေ့စုံခဲ့တာမဟုတ် ဘူးကွာ "

" Boss ဖူးစာသာမှန်ရင် သူနဲ့တော့ တွေ့ရမှာပါ ၊ ပြီးတော့ ထိုစကားကလည်း အချစ်ကိုယုံကြည်မြတ် နိုးတဲ့သူတွေအတွက်ပဲ မှန်တာမဟုတ်ပေမဲ့ မချစ်ဖူး တဲ့ သူတွေအတွက်ပါ မှန်ပါတယ် "

ထယ်ယောင်းတစ်ယောက် သူ့တပည့်အဖြေကြောင့် ခပ်ဟဟ ရယ်မိသည် ။ ဒီစကားက သူကြားနေကျ စကားပင် ။

" မင်းကို ငါမေးမယ် ။ မြင်မြင်ချင်း အချစ်ကို မင်း ယုံလား ~ "

ထယ်ယောင်းစကားကြောင့် ဆူဟွန်း ပြုံးမိသည် ။ သူ့ Boss အချစ်နွံထဲ ကျွံဝင်နေတာ မသိခက်ပါ့ဗျာ ။ အခုလည်းကြည့် သူ့ရဲ့အပြာနုရောင်ကိုချစ်နေတာကို မချစ်ကြောင်း ဖွင့်ဟသည်ထက် အချစ်ကို ယုံလား ဟု မေးနေပုံမှာ စိတ်မရှည်ခြင်းကို ပို၍ တိုးစေသည်။

Still With You ( Completed )Where stories live. Discover now