EPISODE - 8

864 127 62
                                    

( Zawgyi )

နာမည်လေးကြောင့် ထယ်ယောင်း ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည် ။ အပြာနုရောင်က လူလည်း ချောလှသလို ၊ နာမည်လေးဟာလည်း လှသည် ။

" နာမည်လေးက လှတယ်နော်.. "

" အာ..ကျေးဇူးပါ.. အကို "

ထယ်ယောင်းစကားကြောင့် သူ့ရှေ့ရှိ အပြာနုရောင်ဟာ ချက်ချင်းကို မျက်နှာလေးဟာ ရဲတက်သွားလေသည် ။

" ကင်မ်~ "

" ဗျာ? "

" ကိုယ့်ကို ကင်မ်~လို့ ခေါ်ပေးပါလား.. ကိုယ်တို့ကြား ရင်းနှီးသွားအောင်လေ "

" ဟုတ်ကဲ့... ကင်မ်~ "

ခေါ်သံလေးက နူးညံ့လိုက်တာ အပြာနုရောင်ရယ် ။ သိပ်ကို နူးညံ့လိုက်တာ ။ ကိုယ်ရင်တွေ အစိုးမရတော့ဘူး အပြာနုရောင်ရေ ။

" ရပါပြီခင်ဗျ "

သူတို့ နှစ်ဦးတိတ်ဆိတ်နေတုန်း Waiterလေးရောက် လာပြီး Latte ၂ခွက်လာချပေးသည် ။ ဤသည်ကို သူ၏ အပြာနုရောင်လေးက နူးညံ့သောလက်နှစ်ဖက် ဖြင့် ကော်ဖီခွက်ကိုကိုင်ကာ ပြတင်းပေါက်ထံ မျက်နှာမူ၍ သောက်နေသည် ။ ထိုအချိန်လေးအား လက်လွက်မခံချင်တာကြောင့် သူအိတ်ကပ်ထဲရှိ ဖုန်းအားထုတ်ကာ ထိုပုံရိပ်လေးအား မှတ်တမ်းတင်မိသည် ။

အပြာနုရောင် မသိစဉ်သူ၏ ပုံလေးဟာ ကျွန်တော့် ဖုန်းထဲ ရောက်ရှိလာသည် ။ သိပ်ကိုဆန်းကြယ်သည့် ပုံလေးပါလေ ။ မိုးရေစတွင် စင်နေသည့် မှန်ပြင်ဘက်ကို ကြည့်ရင်းပုံလေးကို ကျွန်တော့်ဖုန်း ထဲ သိမ်းဆည်းထားမိသည် ။ ပြီးနောက် သူဒီဘက် ပြန်လှည့်လာပြီး စကားစပြောလေတော့ ဖုန်းကိုပြန်သိမ်းထားလိုက်သည် ။

" ကင်မ်က အမြဲဒီကို လာနေကြလားဟင်? "

" မဟုတ်ပါဘူး..ကိုယ်က အလုပ်တွေရှိတာကြောင့် သိပ်ပြီး မလာဖြစ်ဘူးလေ.. "

" အာ..အဲ့လိုကိုး... "

အို ! ကင်မ်ထယ်တို့ ရူးရပြန်ပြီ ။ ' အာ..အဲ့လိုကိုး ' ဟုဆိုရင်း နှုတ်ခမ်းလေးဆူနေတော့ ကင်မ်ထယ်တို့ အတွက် ဒါဟာခံနိုင်ရိုးတဲ့လား ။ အရည်တောင် ပျော် ကြကုန်ပြီလေ ။

Still With You ( Completed )Where stories live. Discover now