EPISODE - 20

935 111 14
                                    

( Zawgyi )

" ကူးငယ်လေးလား ? "

" ဟင် ?? ဖွားဖွား "

အဖွားထံမှရော ၊ အပြာနုရောင်ထံမှရော ထွက်လာတဲ့ စကားသံကြောင့် သူရော ၊ မိဘတွေပါ ကြောင်အမိသည်အထိ ။

" ဟယ် ! ကူးငယ်လေးပဲတော်... "

" အပြာနုရောင်ကို အဖွားကသိနေတာလား? "

ထယ်ယောင်းကမေးတော့ အဖွားကအံ့ဩကာ မျက်ရည်ကျနေရင်း ဖြေလေသည် ။

" ဟုတ်တာပေါ့မြေးလေးရယ်... အဖွားလှူနေကျ ဂေဟာက အလိမ္မာဆုံးကောင်လေး ၊ အဖွားရဲ့ အနှစ်တုံးလေးသဖွယ်ချစ်ရတဲ့ ကူးငယ်လေးဆိုတာ သူပေါ့ရှင် ! မြေးကို စိတ်ချအောင် ဟောဒီက ကူးငယ်လေးနဲ့ နေရာချထားပေးမလို့စီစဉ်ခဲ့တာ ။ အခုတော့... ငါ့မြေးက ဆိုက်ဆိုက်မြိုက်မြိုက်ကို အိမ်ထဲဖိတ်ခဲ့တာပဲ "

ထိုသို့ပြောလိုက်ကာမှ ထယ်ယောင်းနဲ့အပြာနုရောင်ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးနေကြတော့သည် ။ ထိုထဲ ထယ်ယောင်းမိဘတွေရော ၊ အဖွားကင်မ်ပါ ပါလေသတဲ့လေ ။

" အဖွားကဗျာ ? ကျွန်တော့်ကို အစောကထည်းက ပေးတွေ့တာမဟုတ်ဘူး ။ ပြီးတော့လည်း နာမည်လေးသေချာပြောခဲ့တာမဟုတ်ဘူး ။ "

အဖွားဖြစ်သူအား ရန်တွေ့နေတဲ့ ကင်မ်ထယ်ယောင်းကြောင့် အဖွားကင်မ်ဟာ အမျက်မပါသော မျက်စောင်းဖြင့် ။

" အမယ်... ကျွန်မခေါ်တာတောင် ကင်မ်ထယ်ယောင်းရှီးက အလုပ်အကြောင်းပြရတာနဲ့ ၊ မရသေးတဲ့ ချစ်သူကို လိုက်ပိုးပန်းမယ်လေး ဘာလေးနဲ့ငြင်းနေပြီးတော့ "

" ဟဲဟဲ ... "

ထိုအခါမှ ရယ်သွားလေတဲ့ထယ်ယောင်းပါလေ ။

" လာ.. ကူးငယ်လေးထိုင် အဖွားမှာ ပျော်လိုက်ရတာကွယ်... အဖွားမြေးက ဒီကူးလေးနဲ့ဆိုတော့ အမလေး... ကျွန်မအပြုံးတွေတောင်အသတ်နိုင်တော့ဘူးရှင် "

အဖွားဟာ ကျွန်တော့်နဲ့အပြာနုရောင် ချစ်သူဖြစ်တဲ့ကိစ္စကို လွန်စွာသဘောကျနေပုံပေါ်သည် ။ အထူးသဖြင့် ဒီလိုဖြစ်သွားတော့ ပိုပျော်ရတဲ့သူဟာ ကျွန်တော်ပင်ဖြစ်လိမ့်မည် ။

Still With You ( Completed )Where stories live. Discover now