အပိုင်း၉။ မိတ်ဆွေဟောင်း

1.6K 196 14
                                    

Uni
ငါးနှစ်ကြာပိတ်ထားသည့်အိမ်ကြီးမယ် ကြပ်ခိုးတလူလူ၊ ဖုန်တလောင်းလောင်းတတ်နေသည်။ သည်ကြောင့် အနွယ်နှင့်မိတိုးမှာ နေ့လည်စာစားပြီးသည်နှင့်မနားပဲ အိမ်ကြီးကိုသန့်ရှင်းရေးလုပ်ရတော့သည်။ အနွယ် မိတိုးဦးကြီးကို ခွင့်တောင်းပြီး အရစ်ကျဖြင့်အိမ်ပြန်ဝယ်ရန် ဆုံးဖြတ်ထားသည်။ အနွယ့်လက်ထဲမယ် ၁၅၀သာပါလာသည်ကြောင့် လမ်းစရိတ်၅၀သာ ဖယ်ပြီး ၁၀၀အရင်ငွေချေထားလိုက်သည်။ မိတိုး ဦးကြီးက အရင်က အဖေနဲ့သူငယ်ချင်းဖြစ်သည်ကြောင့် အနွယ်အရစ်ကျချေဖို့ လွယ်ကူသွားခြင်းပေ။

အိမ်ပေါ်ထပ်မှာသန့်ရှင်းရေးလုပ်နေသည့် မိတိုးကို အိမ်အပြင်မှအော်ခေါ်သံကြောင့် အနွယ်လက်တို့ပြီး အောက်ထပ်ဆင်းခိုင်းပြီး ဘယ်သူခေါ်သလဲဆိုတာ သွားကြည့်ခိုင်းလိုက်သည်။

အောက်ထပ်ဆင်းပြီး ခနအကြာမှာ မိတိုးက တစ်စုံတစ်ယောက်ကို ခေါ်ပြီး အိမ်အပေါ်ထပ်သို့ တတ်လာသည်။

" အနွယ်ရေ "

" ဟေ ပြောလေ မိတိုး"

" ဒီမယ် နင်မှတ်မိလားတော့မသိဖူး ငါ့တို့ငယ်ငယ်တုန်းက ရွာအပြင်မှာနေတဲ့ကောင်ငယ်လေးလေ သူက အခုမ
ငါတို့သန့်ရှင်းရေးလုပ်တာကူချင်လို့တဲ့အေ"

" ရတာပေါ့ တစ်ယောက်အပိုရှိတော့ မြန်မြန်ပြီးတာပေါ့အေ သူလေး တောင်အရွယ်ရောက်နေပြီပဲ ငါထွက်သွားတုန်းက မယ် ကလေးပုစိလေးပဲရှိသေးတာမှလား"

" ဟုတ်ပ့အေ "

မိတိုးနောက်မှာရပ်နေပြီး အနွယ်တို့စကားဝိုင်းထဲကိုဝင်မပါရဲတော့ ကောင်ငယ်လေးကို အနွယ်ကပဲစကားဝိုင်းထဲဆွဲသွင်းလိူက်သည်။

" နင့်နာမည် ဘယ်သူ ငါမေ့နေလို့"

" သရောမောင် ပါ မမလေးနွယ်"

" ဟုတ်ပြီ မမလေးလို့မခေါ်ပါနဲ့ အနွယ်လို့ပဲရင်းရင်းနှီးနှီးခေါ်ပါ "

" ဟုတ်ကဲ့ မမ.. မှားလို့အနွယ်"

အနွယ်ထိုကောင်လေးမှာ စစချင်းတုန်းက လူရှိန်နေသည်ကြောင့်စကားသိပ်မပြောပေမဲ့ ခနအကြာမှာတော့ ငယ်ပေါင်းကြီးဖော်တွေလိုမျိုးဖြစ်သွားကြသည်။ သုံးယောက်သား အိမ်ကြီးကိုသန့်ရှင်းရေးလုပ်နေကြသည်မှာ မွန်းတည့်ချိန်ကနေ ညနေနေမဝင်မှီရောင်နီသန်းချိန်မှပြီးတော့သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now