ဝါကျင့်ကျင့်စာအုပ်လေးနဲ့ ပုံပါတော်ဝင်မင်းသားဧ။် ခပ်ဝါးဝါးပုံကားမင်းသစ်အား ဆွဲဆောင်ထားသည်မှာ မျက်လုံးပင်မလွှဲနိုင်တော့ပေ။ ထို့နောက် ဖခင်ဖြစ်သူထံ စာအုပ်ယူသွားပြီးနောက်...
"Daddy ဒီစာအုပ်ကိုမမြင်ခဲ့ဖူးသလိုပဲ"
"မိုခီတာတိုင်းပြည်ကြီး အကြောင်းလား သား"
"ဟုတ်တယ်"
"ဟိုတလောကမှ ဆွေးနွေးပွဲကနေရလာတာ။ ပျောက်ဆုံးနေတဲ့ နေရာတွေနဲ့ပတ်သတ်လို့ သုတေသနလုပ်ငန်းအဖွဲ့ ဖွဲ့နေကြတယ်လေ၊ သား စိတ်ဝင်စားလို့လား"
"တော်ဝင်မင်းသားလေးရဲ့ပုံက ကြည့်နေရင်းက မျက်လုံးမခွာချင်အောင်ဖြစ်သွားတယ်။ ကျွန်တော့်ကို ဒါလေးနဲ့ပတ်သတ်ပြီး ပြောပြပါလား"
"မိုခီတာ (Mokita) တိုင်းပြည်ကြီးအကြောင်း ပြောရမယ်ဆိုရင် အဲ့ဒီရဲ့ရှေးကျတဲ့ မာတန်(Marten) ဘုရင်ကြီးအကြောင်းကနေ စပြောရမယ်။ တောတောင်တွေကြားမှာ ဖွဲ့တည်ထားတဲ့ တိုင်းပြည်ကိုအုပ်စိုးတဲ့ မာတန် (Marten) ဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။ စိတ်သဘောပြည့်ဝပြီး လက်ရုံးရည်ရော၊ နှလုံးရည်ရောပြည့်ဝတဲ့ ဘုရင်တစ်ပါးပေါ့။ ဘုရင်ကြီးမှာ ကီရာတို(Kiato) ၊ ကန်းထရစ် (Kendrick) နဲ့ အန်ချီ(Engchi) ဆိုတဲ့ တပည့်သုံးယောက်ရှိတယ်။ သူသိပ်အားကိုးရတဲ့ တပည့်သုံးယောက်ဆိုလဲ မမှားဘူး။ "
"ဟုတ်ကဲ့....."
"တပည့်သုံးယောက်က သွေးတော်သားစပ်တဲ့ လူသုံးယောက်မဟုတ်တဲ့အပြင် တစ်ဦးစီတိုင်းမှာလဲ ထူးချွန်မှုကိုယ်စီဆိုပေမယ့် ကီရာတို (Kiato) က တကိုယ်ကောင်းဆန်တဲ့အကျင့်ရှိပြီး အန်ချီ (Engchi) မှာလဲ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်လေးရှိပြန်တယ်။ ကန်းထရစ် (Kentrick) ကတော့ သဘောကောင်း၊ စိတ်နှလုံးအေးချမ်းလွန်းလို့ မာတန်(Marten) ဘုရင်ကြီးက ပိုအချစ်ပိုပြီး အရေးပေးတော့ ကျန်နှစ်ယောက်က သိပ်ပြီးသဘောမကျကြဘူး။"
"............"
"တရက်မှာတော့ သာယာငြိမ်းအေးနေတဲ့ မာတန် (Marten) တိုင်းပြည်ကြီးကို ကြီးစွာသော အနှောင့်အယှက်တခုက ထွက်ပေါ်လာခဲ့တယ်။ ဒဏ္ဍာရီလာ သတ္တဝါကြီး တစ်ကောင်ပေါ့။ အဲ့ဒီသတ္တဝါကြီးက ကြေးနီရောင်အဆင်းရှိပြီး မြင်းနဲ့တူတဲ့အပြင် တောင်ပံပါတယ်၊ သမင်တွေလို ဦးချွန်တွေလဲရှိယုံမက အမြှီးတခုလဲပါတဲ့အပြင် အဲ့ဒီအမြီးမှာလဲ အချွန်အထွက်တွေကအပြည့်နဲ့။ လူတွေကို ကိုက်ဖြတ်စားသောက်ပြီး နေရာထိုင်ခင်းတွေကို ဖျက်ဆီးနေခဲ့လို့ မာတန်ဘုရင်ကြီးက သူ့တပည့်တွေဖြစ်တဲ့ ကီရာတို၊ ကန်းထရစ်နဲ့အန်ချီကို နှိမ်နင်းဖို့ စေလွှတ်ခဲ့ပေမယ့် တစ်ယောက်ကမှ မသတ်နိုင်ခဲ့ကြဘူး။"
YOU ARE READING
𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋
Fantasy13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေးသားမှာဖြစ်ပြီး Character နှစ်ယောက်စလုံးက Strong ဖြစ်တာကြောင့် ထိုအမျိုးအစားကို မနှစ်သက်သူတွေကျော်သွားလို့ ရအောင်ပါရှင်။ Name - Duchess of V...