🦋 21 🦋

4.2K 518 63
                                    

အရှင့်သားထံတွင် မိမိကိုယ်တိုင်လဲ စိတ်ရှိနေသလားဟုပြန်လည်သုံးသပ်​နေသည့်နောက်ပိုင်း အချိန်ကာလက တစ်လကျော်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ဒီအတောအတွင်း မာတန်ဘုရင်ဧ။်ဂူကို အလျဉ်းသင့်သလို လိုက်လံရှာ​ဖွေကြည့်ခြင်းမှအပ ထူးခြားသည့်ကိစ္စများ​တော့ ရှိမ​နေ​ပေ။ မိဘများအားတွေးမိသည့်အခါ နေရပ်ပြန်လိုစိတ်ပြင်းပြလာသော်လည်း ထိုစိတ်များက မင်းသားအိုင်းဆက်ကိုမြင်ရသည်အခါ မြူမှုန်ပမာ လွင့်ပျောက်သွားခဲ့ခြင်းကြောင့် မိမ်သည်လည်း အရှင့်သားကိုချစ်နေမိပြီထင်သည်။

ထိုသို့​နေလာရင်းက ယနေ့တွင်တော့ သံချပ်ကာတပ်ဧ။်သတင်းပေးပို့ချက်အတိုင်း တစ်နေရာသို့ ​ရောက်လာခဲ့ကြပြီး ကြိုဆိုနေသည့်မြင်ကွင်းကား မည်သို့​ပြောပြရလိမ့်မည်ကို​တောင် ကောင်းယံမသိတော့။ မီးလောင်တိုက်အသွင်းခံထားရသည့် နေရာတစ်ခုပမာ မြင်မြင်ရာက ​လောင်ကျွမ်းဖျက်ဆီးခံထားရသည်။ သွေးစသွေးနများရှိ​နေသည့်တိုင်း လူတစ်ဦးတစ်ယောက်မှမရှိ၊ သက်ရှိနှင့်တူသည့်အရာများကိုပင် မတွေ့ရှိရပေ။ ဓားပြတွေလာသတ်ခဲ့သည်ဆိုလျှင်​တောင် လူ​သေအ​လောင်း​တွေ ကျန်​နေခဲ့မှာ ​သေချာ​ပေါက်ပင်။ ဒါဆို လူတွေဘယ်ရောက်ကုန်တာလဲ

အတွေးနှင့်အတူ မင်းသားအိုင်းဆက်ထံလှည့်ကြည့်လိုက်တော့ သူလည်းပဲထပ်တူတွေးမိဟန်ပင်။ မျက်မှောင်တွေတွန့်ချိုးနေကာ အလိုမကျသည်ဟန်ပင် ဟိုဟိုဒီဒီကြည့်နေရာက သံချပ်ကာစစ်မက်တစ်ဦးနှင့် စကားပြောနေသည်။ ခဏအကြာတွင်တော့ မိမိနံဘေးနားလျှောက်လာကာ ခပ်တိုးတိုးပြောလာဧ။်။

"ဖျက်ဆီးခံရတာ ရွာ လေးရွာရှိနေခဲ့ပြီ ။ ကြားထဲမှာရက်သတ္တပတ်တစ်ပတ်လောက်တောင် မခြားလှပေဘူး။ ဒီလိုမြင်ကွင်းကို မြင်ဖူး၊ကြားဖူးတယ်လို့ မထင်ရော့ဘူးလား Kingsley "

"ဒီလိုမြင်ကွင်း....ကျွန်တော်မျိုးတော့ ဘဝတစ်လျှောက်မကြုံဖူးခဲဘူး။ အရှင့်သားမြင်ဖူးလို့လား"

"ကိုယ်တိုင်တော့မဟုတ်ပေဘူး။ ဒါပေမဲ့ မှတ်တမ်းတခုထဲမှာတော့တွေ့ဖူးပေတယ်"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now