🦋 18 🦋

4.7K 571 38
                                    

တိတ်ဆိတ်မှောင်မဲနေကာ တောကောင်များဧ။်အသံများအား ဖုံးလွှမ်းနေသည့် တောအုပ်ကြီးက ပြင်ပတွင်တော့ငြိမ်သက်နေသယောင်ယောင်၊ သို့သော်အတွင်းဘက်တွင်တော့ အနက်ရောင်ဝတ်စုံ၊ ခေါင်းဆောင်းကိုယ်စီဖြင့် လှုပ်ရှားသွားလာနေသည့် အဖွဲ့တစ်ဖွဲ့ရှိနေသည်။ ထိုအဖွဲ့ကား အနက်ရောင်မြင်းတပ်ပင်ဖြစ်ပြီး ယခင်လိုလေးငါးယောက်ခန့်သာ သွားလာ​နေခြင်းမဟုတ်ပေ။

ခေါင်းဆောင်ဖြစ်သူကမြင်းတစ်စီးဖြင့် ရှေ့ဆုံးမှဦးဆောင်သွားပြီး အနောက်ဘက်တွင်တော့ မြင်းလှည်းက ဆယ်စီးခန့်ရှိနေပြီး ထိုမြင်းလှည်းများဧ။် ​ဘေးဘက်များတွင်လည်း အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူများက အယောက်၂၀ခန့်ပါရှိသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ စကားမပြောကြသည်မို့ မြင်းတွေနှင့် မြင်းလှည်းများဧ။် ရွေ့လျားသံကသာကြီးစိုးနေခဲ့ပြီး ထိုသူတွေဧ။်ဦးတည်ရာနေရာမှာ တောအုပ်ကြီးဧ။်အောက်ဘက် ရေပြင်ကြီးအနီးမှ လှိုဏ်ဂူတစ်ခုဆီသို့ဖြစ်သည်။

လှိုဏ်ဂူထံသို့ရောက်သည့်အခါ အနက်ရောင်မြင်းတပ်ဧ။်ခေါင်းဆောင်ဖြစ်သူက မြင်းလှည်းများကို အဝင်ဝတွင်ရပ်တန့်စေ၍ လှည်း​ပေါ်ရှိအရာများကို ထမ်းပိုးစေကာ မှောင်မဲနေသည့် ကျောက်နံရံဂူပေါက်ဝထဲသို့ ပစ်သွင်းစေသည်။ ထို့နောက်တွင်တော့ ခေါင်းဆောင်ဖြစ်သူမှာ သူဧ။်​နောက်လိုက်ရဲမက်လေးယောက်ကိုသာ ချန်၍ ကျန်သူများကိုပြန်စေခဲ့သည်။

"မင်းတို့လေးယောက် ငါနဲ့လိုက်ခဲ့.."

နောက်လိုက်​လေးယောက်ကိုပါ ​ခေါ်ထုတ်ကာ လှိုဏ်ဂူကြီးဧ။်ပြင်ပဆီ ထွက်နေခဲ့ပြီး ခေတ္တအကြာတွင်တော့ လှိုဏ်ဂူကြီးအတွင်းရှိ ​ကျောက်နံရံရှိဂူအတွင်းမှ အကူအညီတောင်းခံသံများနှင့် အော်သံများက ညနက်ကြီးထဲ အကျည်းတန်စွာထွက်ပေါ်လာခဲ့သည်။ ထိုအသံများငြိမ်သက်သွားသည့်နောက်တွင်တော့ အနက်ရောင်မြင်းတပ်ဧ။်ခေါင်းဆောင်မှာ နောက်လိုက်များမပါစေရပဲ လှိုဏ်ဂူအတွင်းသို့ ပြန်ဝင်လာခဲ့သည်။

"အရှင် အရာအားလုံးအဆင်ပြေပါရဲ့လား"

"အကျွန်ုပ်ကို အသင်စောင့်ဆိုင်းပေးရချိန်တွေ ကုန်ဆုံးခဲ့ပါပြီ။ အကျွန်ုပ်နဲ့ ​တွေ့ဆုံဖို့ရော အသင့်ဖြစ်ပါပြီလား အသင် "

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now