🦋 32 🦋

3.3K 369 14
                                    

"အရှင်မင်းကြီး သက်သာရဲ့လား Land "

"စကားနည်းနည်းပြောလာနိုင်တာကလွဲလို့ မထူးခြားလှပါဘူးစစ်သူကြီး"

"အရှင့်သားရော"

"အရှင့်သားကတော့ စစ်ရေးလေ့ကျင့်တဲ့နေရာသွားလိုက်၊ ပြန်လာလိုက်ပါပဲ။ ​နေ့တိုင်း သွား​တွေ့ပေမယ့် အရှင်မင်းကြီးကတော့ အတွေ့မခံဘူး။"

မိမိတို့နှင့် စကားပြောသည့်နေ့ကတည်းက ရုတ်တရက်ကျန်းမာရေးချို့ယွင်းသွားသည့် ကန်းထရစ်မင်းကြီးက အိပ်ရာပေါ်မှပင် မထနိုင်သဖြင့် ကီရာတိုဧ။်အိမ်ရှေ့စံ Aldorus ကိုယ်တိုင်လာရောက်ကုသပေးနေသည်မှာ နှစ်ရက်ခန့် ရှိပြီဖြစ်သော်လည်း သိပ်ထူးခြားသွားခြင်းမရှိပေ။ ဒီနှစ်ရက်အတွင်း မိမိသည်လည်း မြား​​ပစ်​လေ့ကျင့်သည့်​နေရာလွဲလို့ အရှင့်သားဆီသို့ပင်မသွားဖြစ်။

"အပြင်မှာလဲ အရှင့်သားအပေါ် အတော်လေး မျက်နေကြပြီစစ်သူကြီး"

"အင်း ငါသိပါတယ်"

"အရှင့်သားတစ်ယောက်တည်း တိုင်းပြည်ထဲကဖြတ်ပြီး မြို့ပြင်သွားတာ အန္တာရယ်ကြီးပါတယ်။ စစ်သူကြီးပါလိုက်သွားပေးရင်ကောင်းမှာပါပဲ"

"အန္တာရယ်...ဟုတ်လား။ အပြင်ဘက်မှာ အရပ်သားတွေပဲရှိတာမဟုတ်ဘူးလား"

"အဲ့ဒါကိုက အန္တာရယ်များတာပါ "

နားမလည်ခြင်း​ကြောင့် မျက်မှောင်ကုတ်ကျသွားသည် မိမိကို Land က သေချာကြည့်ကာ သက်ပြင်းဖွဖွချ၍ ဤသို့ဆိုလာသည်။

"ကျွန်တော်နဲ့ခဏအပြင်လိုက်ခဲ့ပေးပါ စစ်သူကြီး။ ကတိတခုတော့ပေးပါ။ ဘယ်အရာကိုကြားကြား မတုံ့ပြန်ပါဘူးလို့ "

"ငါကတိပေးပါတယ်"

သို့နှင့် စည်ကားလှသည့် လမ်းမကြီးထက်သို့ထွက်ခဲ့ကာ Land ဦးဆောင်ခေါ်သွားသည့် ဆိုင်တစ်ဆိုင်ဧ။်မျက်နှာစာနေရာတွင် နေရာယူလိုက်သည်။ ခပ်နွမ်းနွမ်းဝတ်စုံနှင့် ခပ်ငိုက်ငိုက်ဦးထုပ်ကြောင့် မိမိအားမည်သူကမှ မှတ်မိပုံမရပေ။ အစားအသောက်များ ​ရောက်လာသည့်အခါ အလိုက်သင့်စားနေကြချိန်တွင် အသံတစ်သံကနားထဲသို့စတင်ဝင်ရောက်လာခဲ့သည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now