🦋 24 🦋

4.7K 543 82
                                    

မနက်ဝေလီဝေလင်းမှာပင် ရဲမက်တစ်ချို့ခြံရံကာ ခမ်းမဆောင်တွေကိုဖြတ်၍ ခြေလှမ်းကြဲကြီးများနှင့် တစ်နေရာရာသို့ ဦးတည်နေခဲ့သည့် ကန်းထရစ်မင်းကြီး ။ ထို မင်းကြီး ဖြတ်သွားရာတစ်လျှောက် မြင်မြင်သမျှလူအပေါင်းမှာ မြေပြင်ပေါ်ဝပ်တွား၍ ဂါဝရပြုသည်။ ရွှေရောင်ခြုံလွှာ တစ်လွင့်လွင့်၊ ကနုတ်များပါရှိသည့် ၀တ်ရုံတော်ကို ၀တ်ဆင်ကာ ရတနာများစွာဖြင့် စီခြယ်ထားသော ခါးပတ်ခေါင်းကြောင့် အားလုံးထဲ ထင်းထွက်လို့နေသည်။ အတော်ကြီးမားကျယ်ပြောပြီး အနောက်ဘက်တွင် မြင်းဇောင်းအပြင် ပန်းဥယျာဉ်ပါရှိနေသည့် အဆောင်တခုအရောက်တွင်တော့ ထိုမင်းကြီးမှာ ခြေလှမ်းတို့ကို ရပ်ကာ ဂါရ၀ပြုလာသည့် စစ်မက်တစ်ဦးထံသို့ စကားဆိုလိုက်သည်။

"အိုင်းဆက်နိုးပြီလား ငါရောက်လာတယ်ပြောလိုက်.."

"​လျှောက်တင်ပါတယ် အရှင်မင်းကြီး။ အရှင့်သားက အိပ်ခန်းဆောင်မှာ မရှိပါဘူး"

"အစောကြီးရှိသေးတာကို ဘယ်ကိုထွက်သွားလေသလဲ"

"ယမန်နေ့ အမှောင်ပြုစကတည်းက စစ်သူကြီးနဲ့အတူ ကင်းထောက်ထွက်သွားပါတယ်"

ထိုလျှောက်တင်ချက်ကြောင့် ကန်းထရစ်မင်းကြီးမှာ မျက်မှောင်တွန့်ချိုးသွားရသည်။ သို့သော် မည်သည့်စကားမှ မဆိုပဲ ပြန်လှည့်ထွက်လာခဲ့ပြီး မှတ်တမ်းဆောင်သို့ ဦးတည်လာခဲ့ပြန်ရာက ဒေါသစိတ်က၀င်လာသည့်အခါ ခြေလှမ်းတို့က ရုတ်ချည်းရပ်တန့်သွားရပြီး အနောက်မှလိုက်ပါလာသူ အမှုထမ်းအပေါင်းမှာလဲ ခြေလှမ်းတို့ရပ်တန့်ကာ မြေကြီးထိလုမတတ် ခေါင်းငုံ့ထားကြသည်။

"လူချင်းဝေးကွာအောင် ငါ ဖန်တီးကာမှ မင်းကလိုက်သွားရလေသလား အိုင်းဆက်"

ထို့နောက်တွင်တော့ ဆက်လျှောက်လာခဲ့ပြီး မှတ်တမ်းဆောင်သို့ရောက်ရှိသည်။ မှတ်တမ်းများထိန်းသိမ်းရင်း၊ ပန်းပင်လေးတွေ စိုက်ပျိုးခြင်း၊ ရှင်သန်အောင် ပြုလုပ်ခြင်းများနှင့် အေးအေးချမ်းချမ်းနေတတ်သည့် မှတ်တမ်းမှူးက ယခုတွင်လည်း သေလုဆဲဆဲအပင်တစ်ပင်ကို လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွကိုင်ကာ ရှင်သန်အောင်ကြိုးစားနေသည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now