🦋 11 🦋

5.3K 709 38
                                    

လေးဘက်လေးတန်ရှိနေသည့် လူ့အရိုးခေါင်းတွေဧ။် လှုပ်ခါနေပုံ၊ ခပ်မှိန်မှိန်မီးရောင်နှင့် ညှီစိုစို့အနံ့တွေက စိတ်တို့ကိုခြောက်ခြားလာစေသည်။ ဂျိမ်းခနဲအသံနှင့်အတူ ကျောက်သားနံရံဟု ထင်ထားခဲ့သည့်နံရံတခု ထပ်မံပွင့်လာခဲ့သော်ငြား မှောင်နှင့်မည်းမည်းဖြစ်၍ မည်သူမှမဝင်ရဲကြပေ။

"ဒီနားကိုလာခဲ့ပါ အသင်"

အနက်ရောင်ဝတ်ဆင်ထားသည့် လူအားလုံးဧ။် ရင်ထဲထိစိမ့်တက်သွားစေသည့်ခေါ်သံ။ လူဧ။်အသံဖြစ်သော်လည်း ပီပီသသမဟုတ်ပဲ လူလေးငါးယောက်ဧ။်အသံများ ရောစပ်ထားသကဲ့သို့ အသံသြကာ လှိုဏ်သံထွက်လို့နေသည်။

"လာခဲ့ပါအသင်"

"အရှင် ​စေခိုင်းတဲ့အတိုင်း ဆောင်ရွက်ပေးပြီးပါပြီ။ သဘောတူညီချက်လုပ်ခဲ့သလို သူ့ကိုသတ်နိုင်ဖို့ နည်းလမ်းကိုပြောပြပါ"

လူဧ။်အရိုးခေါင်းအား သယ်ဆောင်လာသူ ထိုလူက မှောင်မဲနေသည့် ဂူထဲသို့ဝင်လိုဟန်မရှိ ငြင်းဆန်နေခြင်းကြောင့် ဂူထဲမှရယ်သံနက်ကြီးကား ထွက်ပေါ်လာသည်။ ထို့နောက်

"အသင် ​ကြောက်နေဧ။်လော။ အင်အားကြီးတဲ့ အုပ်စိုးသူဖြစ်ချင်လို့ ၊ အတားအဆီးတွေကို နိုင်ချင်စိတ်ပြင်းပြလို့ အိပ်မက်ကနေ ဆင့်ခေါ်တဲ့ အကျွန်ုပ်စေခိုင်းတဲ့အတိုင်း လုပ်ခဲ့တာမဟုတ်ပေဘူးလား အသင်။ "

"မှန်ပေတယ် ဒါပေမဲ့ အရှင်နဲ့ ကျွန်​တော်မျိုးရဲ့ သဘောတူညီချက်က ပြီးဆုံးသွားခဲ့ပြီဖြစ်လို့ ရှေ့ဆက်ထပ်မံမတွေ့လိုတော့ပါဘူး။ "

"မိုခီတာတိုင်းပြည်ကြီးကို ပျက်သုန်းစေဖို့၊ ကန်းထရစ်ဘုရင်ကြီးကို သုတ်သင်ဖို့က လွယ်ကူလှတဲ့လုပ်ရပ် မဟုတ်ပေဘူး။ နတ်ဘုရားတွေ ​စောင့်ရှောက်ထားတဲ့ မင်းသားအိုင်းဆက်ကို သုတ်သင်နိုင်ဖို့ဆိုတာ ပိုလို့တောင်ခက်ခဲလိမ့်မယ်"

လိုချင်နေသည့် အမေးဧ။်အဖြေနှင့်သွေဖယ်စွာ ဖြေဆိုသံကြား အနက်ရောင်ဝတ်စုံနှင့် ထိုသူမှာ ဒေါသထွက်လာဟန်ရှိပြီး အရှင်ဟုပင်မခေါ်နိုင်၊ မရိုကျိုးနိုင်တော့ပဲ ကျယ်လောင်ခက်ထန်စွာ အော်ဟစ်လာသည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now