🦋 6 🦋

5.9K 691 65
                                    

မင်းသားအိုင်းဆက်က မိမိရဲ့ပခုံးတစ်ဖက်ကို ဖျစ်ညှစ်ကာ စကားဆိုလာတော့ ဘာကြောင့်ရယ်မသိ ကောင်းယံ ရှိန်သွားကာ ခန္ဓာကိုယ်က ခပ်ရို့ရို့ဖြစ်သွားခဲ့ရသည်။ Body Guard အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်နှစ်တွေတစ်လျှောက် မည်သူတစ်ဦးတစ်ယောက်ကိုမှ မရှိန်ဖူးခဲ့သည့် မိမိက အခုတော့ တဖက်သူရဲ့အပြုံးတချက်၊ အပြောတခွန်းမှာတွန့်ခနဲ။ မင်းသားအိုင်းဆက်ကတော့ ထိုင်ခုံတခုမှာဝင်ထိုင်ကာ ကြေးခွက်လေးတခွက်ကို ကိုင်ဆောင်၍

"မင်းနဲ့ပတ်သတ်ပြီး ငါအတည်ပြုချင်တာတွေ ရှိသေးတယ် Kingsley ။ အဲ့ဒါပြီးရင်တော့ မင်းနဲ့ငါအရင်ကပြောလက်စ၊ ပြုလုပ်လက်စတွေကို တခုမကျန် ငါပြန်ပြောပြမယ်။ အဲ့ဒီ...."

ပြောလာသည့်စကားတွေက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားကာ မိမိဧ။်ပခုံးနေရာသို့ စူးစိုက်ကြည့်လာသည်မို့ ခေါင်းငဲ့ကြည့်မိသည့်တခဏ မျက်လုံးအစုံပင် ပြူးကျယ်သွားခဲ့ရသည်။ လိပ်ပြာကြီးက မိမိပခုံးပေါ်လာရောက်နားခိုနေခြင်း...။ ဒီတိုင်းပြည်တွင် လိပ်ပြာနှင့်ပတ်သတ်ပါက ရာဇဝတ်ဘေးသင့်သည့်အထိ အမိန့်တခုရှိထားလေတော့ မသိစိတ်ရဲ့ကြောက်စိတ်က တွန်းပို့လာကာ ကောင်းယံ ရပ်နေရာမှ ဖျတ်ခနဲ ​ရွှေ့လိုက်တော့သည်။ ထိုအခါမှ လိပ်ပြာကြီးကထပျံသွားခဲ့ပြီး မင်းသားအိုင်းဆက်သည်လည်း အကြည့်ရွှေ့သွားကာ...

"ခန်းမ​ဆောင်ထဲ အရင်သွားနှင့်ပါ Kingsley ။ ငါ ဝတ်ရုံလဲဦးမယ်"

ဟု ဆိုလာတော့ အရိုအသေတချက်ပေးကာ ခပ်မြန်မြန်ပင် အပြင်ဘက်သို့ထွက်ခဲ့ပြီး မလှမ်းမကမ်းမှာစောင့်နေသည့် Land နှင့်အတူ ရဲတိုက်ကြီးဧ။် ပင်မခန်းမဆောင်ဆီသို့ ဆက်ထွက်ခဲ့ကြသည်။ ရှေးအ​ငွေ့အသက်များဖြင့် ခန့်ညှားလှသည့် မိုခီတာရဲတိုက်ကြီးရဲ့ ပင်မဆောင်ကား မိမိရဲ့ ခြေလှမ်းများကို တုံ့ခနဲဖြစ်သွားစေလောက်အောင်ပင်။

အတွင်းပိုင်းကိုကား ​ငွေအကောင်းစားပစ္စည်းများကို သုံး၍ ထုဆစ်ထားကာ ဘုရင်နှင့်မိဖုရားထိုင်ရာ​နေရာကို​တော့ ကျောက်လှေကားထစ်များ ၅ဆင့်ခန့်ဖြတ်တက်ရမည်။ ပုလ္လင်ကြီးက ကြီးမားသည့်အပြင် ရွှေဖြင့်ဖန်တီးထားပြီး ကျောက်သံရတနာများဖြင့် စီခြယ်ထားသည်။ မွေးနေ့ပွဲလာရောက်သူတွေအတွက် တစ်ဦးခြင်းထိုင်လို့ရစေရန် စားပွဲဝိုင်းလေးများခင်းကျင်းထားပြီး အနီရောင်ကတ္တီပါအစများဖြင့် ဖုံးအုပ်ထားသည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now