🦋 10 🦋

5.6K 678 40
                                    

တောအုပ်အတွင်းမှ မြင်းခွာသံများက ကျယ်သထက်ကျယ်လာကာ မြင်းကိုယ်စီဖြင့် ဆယ်ဦးထက်မနည်းသော လူတစုက မြင်ကွင်းထဲတစတစ တိုးဝင်လာခဲ့ပြီး မိမိတို့နှင့် မလှမ်းမကမ်း ​နေရာအရောက်မှာတော့ ထိုအဖွဲ့ကိုဦးဆောင်လာသူ လူတစ်ဦးက မြင်းပေါ်မှဆင်းကာ ဓားရှည်တလက်ကိုကိုင်ဆောင်၍ လျှောက်လို့လာခဲ့သည်။

"Elroy

အိုင်းဆက်ဧ။်နှုတ်မှ အမည်နာမတခု တိုးထွက်သွားပြီး မျမိအရှေ့မှာ ကာရံထားသည့် သံချပ်ကာရဲမက်များအား ဖယ်ကော အရှေ့ဆုံးမှာ အိုင်းဆက် ထွက်ရပ်နေခဲ့သည်။ ဒေါသတကြီးဖြင့် လှမ်းလာနေသည့် Elroy ကို မမှိတ်မသုန်စိုက်ကြည့်ကာ ရပ်မြဲအတိုင်းရပ်နေခဲ့ခြင်းက Elroy ဧ။်ဒေါသအရှိန်ကို မြင့်တက်သွားစေဟန်ပင်။

"မင်းသားအိုင်းဆက်! အင်အားကြီးတိုင်းပြည်က အိမ်ရှေ့စံ ​တော်ဝင်မင်းသားဆိုတာနဲ့ လူတဦးရဲ့အသက်ကို လွယ်လင့်တကူ သတ်ဖြတ်လို့ရနိုင်သလား"

"ကျုပ်သတ်ဖြတ်တယ်လို့ ပြောလိုက်ရော့သလား Elroy"

"မိုခီတာ၊ ကီရာတိုနဲ့ အန်ချီ တိုင်းပြည်သုံးခုလုံးမှာ ငှက်မွှေးအဖြူတပ်ထားတဲ့ မြားလက်နက်ကို ကိုင်ဆောင်ထားနိုင်သူက အသင်မင်းသားပဲရှိပါတယ်"

သွေးများစွန်းပေနေသည့် မြားကိုပြကာ တင်းမာနေသည့်လေသံဖြင့်ပြောနေသည့် Elroy မှာ မိမိဧ။်ဂုဏ်ဒြပ်ကြောင့်သာ မနည်းထိန်းနေရဟန်ရှိသည်ဟု အိုင်းဆက်တွေးမိသည်။ သူဧ။်အနောက်သို့ ကဲ၍ကြည့်လိုက်တော့ အသက်ဝိညာဉ်ကင်းမဲ့နေသည့် ရဲမက်တစ်ဦးဧ။်အလောင်းကို မြင်းပေါ် ​မှောက်လျက်တင်ထားသည်ကို တွေ့လိုက်ရပြန်တော့လည်း အိုင်းဆက်စိတ်မသက်ဖြစ်ရသည်။

"မင်းသားရဲ့မြားက ကျုပ်ရဲ့လူတစ်ဦးကိုသေစေခဲ့တယ်။ မိုခီတာရဲ့အိမ်​ရှေ့စံအ​နေနဲ့ ဒီလုပ်ရပ်ကို ဘယ်လိုပြန်လည်ဖြေရှင်းပေးမှာပါလဲ"

"အကြောင်းပြချက်မရှိပဲ မိုခီတာရဲ့တော်ဝင်မင်းသားဖြစ်တဲ့ ငါရှိရာ ကျူးကျော်လာတဲ့ မင်းရဲ့မြားအကြောင်းကို အရင်ဖြေရှင်းလှည့်ပါဦး။ မြားရဲ့ထိပ်ချွန်မှာ ပန်းပွင့်ပုံစံထွင်းထုထားတဲ့ လက်နက်က မင်းသား Elroy တစ်ယောက်ပဲ ကိုင်ဆောင်တယ်ဆိုတာ ကျုပ်မသိဘူးလို့ ထင်နေရော့သလား။"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now