🦋 19 🦋

4.5K 521 56
                                    

ရဲတိုက်ကြီးရှိရာ ပြန်လာချိန်တစ်လျှောက် အိုင်းဆက်ဧ။်အတွေးများက မှတ်တမ်းမှူးနှင့်ပြောခဲ့သမျှ စကားလုံးများထံတွင်သာ ရောက်ရှိနေရပြီး ရှေ့တူရှုမှလာနေသည့် မယ်တော့်ကိုပင်မမြင်နိုင်ခဲ့ပေ။

"ဘာတွေများ အတွေးများနေရသလဲ သားတော်"

"မယ်တော် ကျွန်တော့်ကိုစောင့်ဆိုင်းနေခဲ့ရတာ ကြာခဲ့ပြီလား"

"အခု သား​တော်နဲ့​တွေ့ရပြီပဲ စောင့်ရတာဘာမှမဖြစ်လှပါဘူး"

ပြုံးလိုက်တိုင်း မျက်လုံးလေးမှေးပိတ်သွားတတ်သည့် မယ်တော်က ယခုတွင်လည်း ​မှေးပိတ်​နေသည့် မျက်လုံး​လေး​တွေနှင့်အတူ ​ခေါင်းကိုပါခါယမ်းပြ​လာသည်။ ထိုပုံစံလေးကြောင့် အိုင်းဆက်သ​ဘောတကျရယ်​မောကာ မယ်တော်ဧ။်လက်တစ်ဖက်ကို ဖေးမကိုင်၍ အခန်းအတွင်းကိုခေါ်ဆောင်ကာ ထိုင်​စေခဲ့သည်။ တစ်ဖန်ပြန်အကြည့်မှာ မယ်တော့်ဧ။်မျက်လုံးများက အိပ်ရေးပျက်ထားသည့်နှယ် အနည်းငယ်နီရဲနေကာ ညှိုးနွမ်းနေဧ။်။

"ညဥ့်နက်တဲ့အထိ အိပ်မပျော်ခဲ့ပါဘူးလား မယ်တော်"

"ညက ဝတ်ရုံတစ်ထည်ချုပ်ရင်းနဲ့ တော်တော်ညဥ့်နက်မှ အိပ်ဆောင်ဝင်ဖြစ်ပြီး မိုးသောက်ယံတုန်းက အသံကြီးကြောင့် ပြန်နိုးလာရတာနဲ့..."

"စိုးရိမ်စိတ်ဝင်နေ​ရော့သလား မယ်တော်"

"ဘာအသံကြီးမှန်းမသိရတဲ့အတွက် ရင်ထဲမအေးချမ်းလှဘူး။ ဒီလိုအသံမျိုးကြီးလိုမျိုးကို ကြားခဲ့ဖူးရတာလဲနှစ်တွေက နှစ်ပေါင်း၃၅တောင် ရှိလောက်​ပေတယ်"

"အသံမျိုး....ဆိုတော့ မတိမ်းမယိမ်းတူတာကို မယ်တော်ကြားခဲ့ရော့သလား"

"မယ်တော့်အသက် ၁၃ နှစ်လောက် ဒဏ္ဍာရီလာ သတ္တဝါဆိုးကြီး ထွက်ပေါ်လာစဉ်က...."

ဒဏ္ဍာရီလာသတ္တဝါနှင့် မာတန်ဘုရင်ကြီးအကြောင်းဆိုလျှင် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသည့်အလား မည်သူကမှ အိုင်းဆက်ရှေ့ မပြောဖူးကြခြင်းကြောင့် မိမိက ထိုအရာတွေနှင့် ပတ်သတ်နေခဲ့လေသလားဟူသော အတွေးများကဝင်ရောက်ခဲ့ရပြီး တစ်စထက်တစ်စ ထိုသံသယက ပိုမိုခိုင်မာလာခဲ့ရခြင်းမှာ ယခုမယ်တော်ကဲ့သို့ပင် အမှတ်တမဲ့ ​ပြောမိကြသည့်တိုင်အောင် ချက်ချင်းဆိုသလို ရပ်တန့်ပစ်လိုက်ကြခြင်းကြောင့်ပင် ဖြစ်သည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now